DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မှ အန်အယ်လ်ဒီ ရုံးဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
DVB
·
July 23, 2015
ရှမ်းပြည်နယ်မှ အန်အယ်လ်ဒီ ရုံးဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း နမ့်စံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံး ဆိုင်းဘုတ်အများအပြား နာရီပိုင်းအတွင်း ဖျက်ဆီးခံရတယ်လို့ နမ့်စန်မြို့နယ်  အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ည ၈ နာရီလောက်ကနေ ည ၁၀ နာရီလောက်ကြားမှာ ဆိုင်းဘုတ်ပေါင်း ၂၀ လောက် အဖျက်ဆီးခံရတယ်လို့ ရွာအသီးသီးကနေ ဖုန်းဆက်အကြောင်းကြားတယ်။ ကျနော်တို့ ထင်တာကတော့ လူ လေးယောက်တည်းနဲ့ ဒီနာရီပိုင်းအတွင်းမှာ အကုန်မလုပ်နိုင်ဘူး။ ပြီးတော့ စနစ်တကျ အစီအစဉ်ကျကျ လုပ်ထားပုံရတယ်။ ဖျက်ဆီးတဲ့ ကလေးတွေ ပြောတာက လူကြီးတယောက်က ခိုင်းလို့လုပ်တာလို့ ပြောကြတယ်။ ရည်ရွယ်ချက်ကိုတော့ မသိရပါဘူးတဲ့။ ဒီမနက်တော့ ခိုင်းတယ်ဆိုတဲ့ လူကြီးကိုယ်တိုင် ရဲစခန်းကိုလာတယ်။ မခိုင်းရပါဘူးလို့ ပြောတယ်။ ဒါပေမယ့် နောက်နောင်ဒီလိုမဖြစ်စေရပါဘူး၊ အားလုံးတာဝန်ခံပေးမယ်” လို့ ပြောပါတယ်။

ပါတီရုံးဆိုင်းဘုတ်များ ဓါးခုတ်ဖျက်ဆီးခံရပြီး ပါတီအလံများ ဖြုတ်ယူသွားခြင်း ခံရတဲ့နေရာတွေကတော့  အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ မိုင်းစိတ်ရွာ၊ ဟိုင်းနားလေးရွာ၊ ဟိုင်းနားကြီးရွာ၊ နမ့်ကျိုင်းရွာ၊ နမ့်မောင်းရွာ၊ နမ့်မော်ခေါက်ဆင့်ရွာ စတဲ့ နေရာတွေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖျက်ဆီးသူ လေးဦးကို အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ၀ိုင်းဖမ်းဆီးစစ်ဆေးရာမှာ မတ်ကျိုင်း ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တာ တွေ့ရပြီး နမ့်စံရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာပါ။

ဖမ်းမိသူ လေးဦးဟာ စိုင်းမောင် (၂၂နှစ်)၊ စိုင်းဆမ် (၁၈နှစ်)၊ စိုင်းထွန်းခိုင် (၂၅ နှစ်) နဲ့ အိုက်စော (၁၈) နှစ်တို့ဖြစ်ကြပါတယ်။

လူငယ်လေးဦးက နေရာဒေသအတော်များများမှာ ဖျက်ဆီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်တဲ့ အသေးစိတ်အချက်အလက်တွေ မရရှိပါဘူး။

မတ်ကျိုင်းဌာနေပြည်သူ့စစ်အဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံ ၂ ဦးနဲ့ တာဝန်ရှိသူတဦးကတော့ ဒီဖြစ်စဉ်ဟာ သူတို့အဖွဲ့အစည်းက ခိုင်းစေခြင်း မဟုတ်ကြောင်းနဲ့  အဖွဲ့ဝင်တချို့ရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ လာရောက်တောင်းပန်ကြောင်း ဦးနေဇော်နိုင်က ပြောပါတယ်။

ဒီလူငယ်လေးဦးကို ဒီကနေ့ အာမခံနဲ့ လွှတ်ပေးခဲ့ပြီး  ရဲတပ်ဖွဲ့က စစ်ဆေးဖို့ လာမယ့် ၂၅ နဲ့ ၂၆ ရက်မှာ ဆင့်ခေါ်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013