DVB Logo
Home
စီးပွားရေး
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရန် နိုင်ငံရေးပါတီအချို့ တောင်းဆို
DVB
·
June 3, 2011
Donate to DVB

အ​မေရိကန်အစိုး​ရအ​နေနဲ့​ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​ ဒဏ်ခတ်ထား​တွေကို ရုပ်သိမ်း​ပေး​ဖို့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

မြန်မာပြည်​ရောက်​နေတဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​နဲ့​ ဒီ​နေ့​ မွန်း​တည့်​မှာ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​စဉ်မှာ အခုလို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဂျွန်မက်ကိန်း​နဲ့​ အန်ဒီအက်ဖ် အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ၊​ ဒီမိုကရက်တစ်ပါတီ-မြန်မာ၊​ တစည-တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီ စတဲ့​ ပါတီ​တွေအပြင် ချင်း​၊​ ရခိုင်၊​ ကမန်၊​ ကရင် စတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ အပါအဝင် ပါတီ​တွေက ​ခေါင်း​ဆောင်​တွေအပြင် ခရစ်ယာန်ဘုန်း​တော်ကြီး​တပါး​နဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

အဲဒီလို​တွေ့​ဆုံရာမှာ ပါဝင်တဲ့​ အန်ဒီအက်ဖ်ပါတီ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဆက်လွှတ်​ရေး​ သမ္မတ ဦး​သိန်း​စိန်ဆီ စာ​ရေး​တောင်း​ဆိုထား​တဲ့​အ​ကြောင်း​နဲ့​ မြန်မာအ​ပေါ် အ​မေရိကန်က စီး​ပွား​ရေး​ပိတ်ဆို့​ထား​တာကို ရုပ်သိမ်း​ရေး​ကိစ္စ ​ပြောကြား​လိုက်ပါတယ်လို့​ ​ပြောပါတယ်။

“စီး​ပွား​ရေး​ပိတ်ဆို့​တယ်ဆိုတာဟာ နိုင်ငံသား​တွေရဲ့​ စီး​ပွား​ရေး​၊​ နိုင်ငံ​ရေး​အခွင့်​အ​ရေး​တွေကို ဟန့်​တား​ပိတ်ပင်ရာ ​ရောက်​နေတယ်။ အဲဒါဟာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်တာနဲ့​ မတူဘူး​လား​။ ကိုယ့်​အစိုး​ရက ကိုယ့်​ကို ပြန်ပြီး​တော့​ ဒီလို လူ့​အခွင့်​အ​ရေး​တွေ ချိုး​ဖောက်တာ ပိတ်ပင်တာမျိုး​ ဖြစ်သလို၊​ စီး​ပွား​ရေး​ ပိတ်ဆို့​မှုဟာလည်း​ ပိတ်ပင်ရာ ​ရောက်​နေတယ်ဆိုတာကို စဉ်း​စား​ကြဖို့​ လိုပါတယ်။ ဒါ​ကြောင့်​မို့​ မြန်မာနိုင်ငံကို ကူညီမယ်ဆိုရင် စီး​ပွား​ရေး​အခွင့်​အလမ်း​တွေ ရလာ​အောင် စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ပြန်ပြီး​ဖြုတ်သင့်​တယ်ဆိုတဲ့​ အ​ကြောင်း​ ကျ​နော်​ပြောပါတယ်။”

အာဏာရှင်နိုင်ငံတချို့​ကို အ​မေရိကန်က ​ထောက်ပံ့​နေတာ​တွေကို ​ထောက်ပြ လိုက်တယ်လို့​လည်း​ ဆိုပါတယ်။ ကျန်​တွေ့​ဆုံသူ​တွေရဲ့​ သ​ဘောထား​ အမြင်​တွေကိုလည်း​ မစ္စတာမက်ကိန်း​က နား​ထောင် တုံ့​ပြန်သွား​ပုံကိုလည်း​ ဦး​ခင်​မောင်​ဆွေက အခုလို ​ပြောပါတယ်။

“ဂျွန်မက်ကိန်း​က​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​ ရုပ်သိမ်း​ရေး​ကိစ္စအ​ပေါ်မှာ​တော့​ ၈ ပါတီရဲ့​ သ​ဘောထား​ တညီတည်း​ဆိုတာကို သူ​တွေ့​သွား​တယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​တွေရဲ့​ အခက်အခဲ​တွေ၊​ အကျပ်အတည်း​တွေ၊​ နယ်စပ်မှာ ဖြစ်​နေတဲ့​ ကိစ္စ​တွေ ငြိမ်း​ချမ်း​ချင်တယ်ဆိုတဲ့​ကိစ္စ​တွေ တိုင်း​ရင်း​သား​တွေ တင်ပြတာလည်း​ သူကြား​သွား​တယ်။ သူ့​ဘက်ကလည်း​ နယ်စပ်မှာရှိ​နေတဲ့​ ပြည်​ပြေး​ဒုက္ခသည်​တွေကို မြန်မာပြည်ထဲ ​အေး​အေး​ဆေး​ဆေး​ပြန်ဝင်လာနိုင်​အောင် လုပ်ဖို့​အတွက် သူလည်း​ စိတ်ဝင်တစား​ရှိတယ်ဆိုတာလည်း​ ​ပြောသွား​ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013