DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည် ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက် လွှဲပြောင်း
DVB
·
July 22, 2015
လှေစီးဒုက္ခသည် ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက် လွှဲပြောင်း
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည်တွေထဲက ၁၅၅ ဦးကို ဘင်္ဂလားဒေ့နိုင်ငံဘက်ကို ဒီကနေ့ လွှဲပြောင်းလိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့ဆီကို ၀င်တာ နှစ်ခါရှိတယ်။ ပထမတခါ လူပေါင်း ၂၀၀ ကျော်ရယ်၊ ဒုတိယတခါ ၀င်တာ ၇၂၅ တခါဝင်တယ်။ အဲတော့ အခု ဒီနေ့ လွှဲတာက ၁၅၅ ယောက်။ ၁၅၅ ယောက်မှာ ပထမ အသုတ်က ကျန်တဲ့ ၄ ယောက်ရယ်၊ ဒုတိယ အသုတ်က ၁၅၁ ရယ်၊ စုစုပေါင်း ၁၅၅။”

ပြီးခဲ့တဲ့ ဇူလိုင်၂၀ ရက်နေ့တုန်းကလည်း လှေစီးဒုက္ခသည် ၁၉၄ ဦးကို လွှဲပြောင်းပေးခဲ့ပြီး လက်ရှိမှာတော့ ၃၈၀ လောက် မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ကျန်ရှိနေသူတွေကို ဆက်လက်ပို့ဆောင်မှာဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စိစစ်မှုကို စောင့်ဆိုင်းနေပြီး သူတို့ဘက်က စာရင်းပေးလာရင် ပြန်ပြီးလွှဲပြောင်းတာလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

မေ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦး လိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့သလို မေလ ၂၉ ရက်နေ့တုန်းကလည်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက မြန်မာ့ပင်လယ်ပြင်မှာ  လှေစီးဒုက္ခသည် ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။

အဲဒီလှေစီးဒုက္ခသည်တွေကို မြန်မာဘက်က စိစစ်မှုတွေပြုလုပ်ပြီး ၁၈၀ ကျော်ဟာ မြန်မာနိုင်ငံဘက်က ဘင်္ဂါလီတွေဖြစ်တဲ့အတွက် သူတို့နေထိုင်ရာရွာတွေကို ပို့ဆောင်ထားပြီဖြစ်ပြီး ကျန်ရှိနေတဲ့သူတွေကို နှစ်နိုင်ငံက ညှိနှိုင်းစိစစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လွှဲပြောင်းပေးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013