DVB Logo
Home
မြန်မာသတင်း
ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ပူးတွဲမလုပ်ဘဲ ဆိုင်းငံ့ထားရန် ကော်မရှင်တောင်းဆို
DVB
·
July 22, 2015
ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ပူးတွဲမလုပ်ဘဲ ဆိုင်းငံ့ထားရန် ကော်မရှင်တောင်းဆို
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို  အထွေထွေရွေးကောက်ပွဲနဲ့ တွဲမလုပ်ဘဲ ခေတ္တဆိုင်းငံ့ထားဖို့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော် နာယက သူရဦးရွှေမန်းထံ အကြံပြုစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ဆန္ဒခံယူပွဲကျင်းပရေး ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးတင်အေးက အကြာင်းကြားစာ ပေးပို့ထားတဲ့အကြောင်း လွှတ်တော် နာယက သူရ ဦးရွှေမန်း က ဇူလိုင် ၂၁ ရက် ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့တာပါ။

အကြောင်းကြားစာမှာ ရွေးကောက်ပွဲနဲ့အတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပခြင်းအားဖြင့် အချိန်လုပ်အားနဲ့ ငွေကုန်ကျမှု သက်သာမှုရှိစေမှာဖြစ်ပေမယ့် သီးခြားဆောင်ရွက်ရမယ့် လုပ်ငန်းတခုဖြစ်တဲ့အကြောင်း၊ ဆန္ဒခံယူပွဲအတွက် အနည်းဆုံး ကျပ်သန်းပေါင်း ၄၇၀၀ ကျော် လိုအပ်မှာဖြစ်ပြီး နောက်ပေါ်ပေါက်လာနိုင်တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စတွေနဲ့အတူ ဆန္ဒခံယူပွဲကျင်းပရင် ပိုမိုသင့်လျော်မှာဖြစ်တဲ့အတွက် ခေတ္တဆိုင်းငံထားဖို့ အကြံပြုစာမှာ ရေးသားထားပါတယ်။

ဒီကိစ္စ ပြည်ထောင်စုလွှတ်တော်မှာ ကြိုတင်အသိပေးဆွေးနွေး အဆုံးအဖြတ်ရယူသွားမယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၅၉-ဃ ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပူးတွဲပြုလုပ်ဖို့ သူရဦးရွှေမန်းက ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ အချိန်၊ လုပ်အားနဲ့ ဘဏ္ဍာငွေကြေး ကုန်ကျမှုကို လျှော့ချနိုင်မှာဖြစ်လို့ ခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း လွှတ်တော်မှာ ပြေကြားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉(ဃ) သမ္မတ အရည်အချင်းသတ်မှတ်ချက်ပါ  “စစ်ရေး” အမြင် ရှိရမယ်ဆိုတဲ့နေရာမှာ “ကာကွယ်ရေး” အမြင်ရှိရမယ်လို့ ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့ ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုဖို့ရှိနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013