DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် တောင်ကိုရီးယား ဆွေးနွေး
DVB
·
July 22, 2015
မြန်မာနှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် တောင်ကိုရီးယား ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံနဲ့ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုအတွက် တောင်ကိုရီးယားနိုင်ငံနဲ့ အခြားနိုင်ငံ ၁၅ နိုင်ငံဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကိုရီးယားအခြေစိုက် ယွန်းဟက်သတင်းမှာ ဖော်ပြပါတယ်။

လာမယ့် ၉ ကြိမ်မြောက် ဒေသတွင်း အကျိုးတူ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၃ ရက်နေ့ မြန်မာနိုင်ငံမှာ ပြုလုပ်သွားမယ်လို့ ကိုရီးယားကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယနိုင်ငံနဲ့ အာဆီယံ ၁၀ နိုင်ငံ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

“ဒီသဘောတူညီမှုအတွက် ဒီနှစ်မကုန်ခင်မှာ စတင်နိုင်ဖို့ ပါဝင်တဲ့နိုင်ငံတွေကြား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်မှာပါ။ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုကြိုးစား လုပ်ဆောင်သွားမလဲဆိုတာကို ဆွေးနွေးသွားပါမယ်” လို့ တောင်ကိုရီးယားနိုင်ငံ ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ၀ူတေးဟီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပါဝင်မယ့် နိုင်ငံတွေဟာ နိုင်ငံချင်း ကုန်သွယ်မှုပြုလုပ်မယ့် ထုတ်ကုန်တွေ၊ ကုန်သွယ်မှု လမ်းကြောင်းတွေကို ပြဋ္ဌာန်းသတ်မှတ်နိုင်ဖို့ စတင်တဲ့အဆင့်သာ ရှိနေသေးတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲ နောက်ဆက်တွဲအဖြစ် အဲဒီနိုင်ငံတွေက ကုန်သွယ်ရေးဝန်ကြီးတွေဟာ သြဂုတ် ၂၄ ရက်နေ့ကျရင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး ၁၀ ကြိမ်မြောက် ဒေသတွင်း အကျိုးတူ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ကျင်းပသွားမယ်လို့ သတင်းက ဆိုပါတယ်။

ဒီသဘောတူညီမှု လက်မှတ်ရေးထိုးပြီးသွားရင်တော့ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ကုန်သွယ်မှု အုပ်စုတခု ဖန်တီးနိုင်မှာဖြစ်ပြီး ကမ္ဘာ့ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိလာမယ်လို့ ၀ူတေးဟီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013