DVB Logo
Home
မြန်မာသတင်း
ဘရာဇီးလ် အမဲသားနှင့် မွေးမြူရေးထွက်ကုန်များ မြန်မာနိုင်ငံ တင်သွင်းမည်
DVB
·
July 22, 2015
ဘရာဇီးလ် အမဲသားနှင့် မွေးမြူရေးထွက်ကုန်များ မြန်မာနိုင်ငံ တင်သွင်းမည်
Donate to DVB

ဘရာဇီးလ်နိုင်ငံမှ အမဲသားနဲ့ မွေးမြူရေးထွက်ကုန်တွေကို မြန်မာနိုင်ငံတွင်း တင်သွင်းဖို့ အစိုးရက ခွင့်ပြုလိုက်ပြီလို့ ဘရာဇီး စိုက်ပျိုးမွေးမြူရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ၀န်ကြီး ကာတီယာအဘရူးက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

အဲဒီလို တင်သွင်းခွင့်ပြုလိုက်တဲ့အတွက် ဘရာဇီးလ်နိုင်ငံဟာ အာရှဒေသကို ဘရာဇီးလ် အမဲသားနဲ့ မွေးမြူရေး ထွက်ကုန်တွေ တင်ပို့ခွင့်ရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမယ်လို့ The Cattle သတင်းမှာ ဖော်ပြပါတယ်။

ဘရာဇီးနိုင်ငံဟာ နှစ်စဉ် အမဲသားနဲ့ မွေးမြူရေးထွက်ကုန် တန်ချိန် ၁၂၀၀၀ မှ ၁၅၀၀၀ ကြား တင်ပို့မှုမှ ၀င်ငွေ အမေရိကန် ဒေါ်လာ ၃၆ မီလီယံနဲ့ ၄၅ မီလီယံကြား ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

အဲဒီလို တင်သွင်းခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ညှိနှိုင်းခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံကို အမဲသားနဲ့ မွေးမြူရေးထုတ်ကုန်တွေ တင်ပို့မယ့် ဈေးကွက်သစ်မှာ ကုမ္ပဏီတွေအနေနဲ့ စိတ်ဝင်စားလာကြမယ်လို့ သတင်းကဆိုပါတယ်။

“မြန်မာအစိုးရ နည်းပညာရှင်တွေ အနေနဲ့ ဘရာဇီးလ် စိုက်ပျိုးရေး စီမံခန့်ခွဲမှုအဖွဲ့နဲ့ ပူးပေါင်းပြီး ကျမတို့ဘက်က နိုင်ငံတကာစံနှုန်းနဲ့ လိုက်နာကျင့်သုံးရမယ့် အရာတွေ၊ ထောက်ခံချက်တွေကို သဘောတူညီခဲ့ပါတယ်။ ဒါဟာ ဘရာဇီးလ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍရဲ့အောင်မြင်မှုတခုပါ” လို့ ကာတီယာအဘရူးက ပြောပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ဈေးကွက်သစ်အဖြစ် အမဲသားနဲ့ ကော်ဖီလို ထုတ်ကုန်တွေကို အာရှနိုင်ငံတွေနဲ့ ရုရှားနိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ သူကဆိုပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ အမဲသားနဲ့ မွေးမြူရေးထွက်ကုန်ပစ္စည်း တင်ပို့မှု အကြီးဆုံးဖြစ်ပြီး ၀က်သားတင်ပို့မှုမှာတော့ တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013