DVB Logo
Home
မြန်မာသတင်း
ပါတီခေါင်းဆောင်များ အပါအ၀င် အမတ်လောင်း ၁၆၀ ကျော် အက်စ်အန်အယ်လ်ဒီ ၀င်ပြိုင်မည်
DVB
·
July 21, 2015
ပါတီခေါင်းဆောင်များ အပါအ၀င် အမတ်လောင်း ၁၆၀ ကျော် အက်စ်အန်အယ်လ်ဒီ ၀င်ပြိုင်မည်
Donate to DVB

ရှမ်းပြည်နယ်က အင်အားကြီးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်လုံးအတွက် ပါတီ ကိုယ်စားလှယ်လောင်း ၁၆၀ ကျော် ၀င်ပြိုင်ဖို့ လျာထားတယ်လို့ ပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ပါတီအနေနဲ့ ရှမ်းပြည်နယ်တ၀ှမ်းလုံးအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တိုင်းဒေသကြီး ၂ ခုဖြစ်တဲ့ မန္တလေးတိုင်းမှာရော စစ်ကိုင်းတိုင်းဒေသကြီးက မဲဆန္ဒနယ်မြေတွေမှာပါ ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။

ဦးခွန်ထွန်းဦး အပါအ၀င် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ရှိပြီး ကိုယ်စားလှယ်လောင်းတွေကိုတော့ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အောက်ခြေအဆင့်ဆင့် ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ဖို့ စီစဉ်နေဆဲပဲလို့ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ကျနော်တို့ ရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ပေါက်ရေးဖြစ်တယ်။ အဲဒီစစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့ရာမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်ဖို့အတွက်ရော၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပလာရင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ထဲကနေပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးပြောဆိုနိုင်ဖို့ ဖြစ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် လွှတ်တော်အမတ်နေရာ ၂၃ နေရာနဲ့ ဒုတိယ အများဆုံး အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရက ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ကို နှစ်ရှည်ထောင်ဒဏ် ချခဲ့ပြီး ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ ပါတီခေါင်းဆောင်တွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီးနောက် ပါတီကို ပြန်ပြီး မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013