DVB Logo
Home
Lead Story
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဇူလိုင် ၂၈ နေ့ ရုံးချိန်း ထပ်မံချိန်းဆို
DVB
·
July 21, 2015
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဇူလိုင် ၂၈ နေ့ ရုံးချိန်း ထပ်မံချိန်းဆို
1 / 7
Donate to DVB

လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို နောက်ထပ်ရုံးချိန်း အဖြစ် ဇူလိုင်လ ၂၈ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ ကျန်းမာရေးအာမခံနဲ့ ဝန်းရံပြည်သူ ကိုခင်လှိုင်နဲ့ အဝေးသင်ကျောင်းသားဖြစ်ကြောင်း ပါမောက္ခချုပ် ထောက်ခံချက်အပါအဝင် တခြား ထောက်ခံစာတွေ တင်ပြပေးနိုင်ခဲ့တဲ့ ကျောင်းသားကိုမင်းမင်းစိုးတို့ အာမခံရရှိခဲ့ပါတယ်။

ဒီနေ့ တရားစစ်ဆေးမှုမှာ လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲစဉ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုသက်သေ ဗီစီဒီခွေ ၃ ချက်ကို ကျောင်းသားတွေရဲ့ရှေ့နေတွေဘက်က ဖွင့်ပြပြီး ရိုက်တာမဟုတ်ပဲ ရွယ်ရုံရွယ်တာဆိုပြီး တရားလိုဘက်က ထွက်ဆိုထားမှု မှားယွင်းနေကြောင်း သက်သေအဖြစ်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေအရ ဗီဒီယိုသက်သေတင်ပြခွင့်မရှိတာကြောင့် ဗီဒီယိုတွေကို ရိုက်ကူးခဲ့ကြတဲ့ ဒီဗီဘီသတင်းဌာနမှ ဦးဇေယျ နဲ့ အလွတ်သတင်းထောက် ကိုမင်းမင်းစိုး တို့ကို လူသက်သေအဖြစ် ထွက်ဆိုခွင့် ရရှိဖို့ တင်ပြထားပါတယ်။

ထောင်တွင်းမှာ ဆေးလိပ်၊ ကွမ်းယာသွင်းမှု အတွက် တိုက်ပိတ်ခံရသူ ၇ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပုဒ်မ ၄၂ နဲ့သီးသန့် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013