DVB Logo
Home
Lead Story
ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ထပ်မံရုံးထုတ်စစ်ဆေး (သတင်းဓာတ်ပုံ)
DVB
·
July 21, 2015
ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ထပ်မံရုံးထုတ်စစ်ဆေး (သတင်းဓာတ်ပုံ)
1 / 8
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဇူလိုင် ၂၁ ရက်နေ့က သာယာဝတီ ခရိုင်တရားရုံးမှာ ၁၀ ကြိမ်မြောက် ထပ်မံရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၁၄ ရက် နေက ရုံးချိန်းမှာ အာမခံရရှိခဲ့တဲ့ ကျောင်းသားတွေနဲ.၀န်းရံပြည်သူ ၁၃ ယောက် ဟာလည်း အာမခံတင်ပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အာမခံနဲ့လွှတ်မြောက်သူတွေ ကတော့ ကိုသန်းဆွေ၊ကိုရဲဝင်းအောင်၊ကို မင်းချစ်သူ၊ ကိုတင်ဝင်း၊ ကိုခင်လှိုင် စတဲ့ ၁၃ ယောက် အာမခံရရှိတာဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်း အောင်က ဒီဗွီဘီကိုပြောပါတယ်။

အာမခံလျှောက်တာရတဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း တခြားသူတွေအတွက် အာမခံ ဆက်လျှောက်ဖို့ ရှိတယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လ ၁၄ ရက်နေ့က အာမခံရသူတွေကို အမိန့်ချတာကလွဲ ဘာအမှုမှ မစစ်ဆေးခဲ့ဘဲ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013