DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအမျိုးသမီး လည်ပင်းဒဏ်ရာဖြင့်သေဆုံး
DVB
·
July 21, 2015
ထိုင်းတွင် မြန်မာအမျိုးသမီး လည်ပင်းဒဏ်ရာဖြင့်သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ထန်းပူရီမြို့မှာ မြန်မာအမျိုးသမီးတဦးဟာ ၁၀ လအရွယ် သားငယ်ကို ထားရစ်ပြီး သူ့ကိုယ်သူ ဆွဲကြိုးချအဆုံးစီရင်သွားတယ်လို့ ထိုင်းရုပ်သံချန်နယ် ၃ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၉ ရက် ညနေမှာ ပချားတိပတ်ရပ်ကွက်ထဲက ၃ ထပ်တိုက်က အခန်းတခုမှာ မနန်းဗို (၃၂ နှစ်) ဟာ လည်ပင်းမှာ  ညိုမည်းစွဲတဲ့ ဒဏ်ရာတွေနဲ့ ခုတင်ပေါ်မှာ ပက်လက် အနေအထား အလောင်းတွေ့တယ်လို့ ပတူနမ့်ကျူ လာ လောင်ကွန်ရဲစခန်း တာဝန်ကျ ရဲအုပ်က ပြောပါ တယ်။

မျက်နှာကျက်ပန်ကာမှာ အ၀တ်စတန်းလန်းဆွဲထားလျက် တွေ့ရပြီး အခန်းတွင်းမှာ မွှေနှောက်ရာ၊ ရုန်းရင်းဆန် ခတ်အရာ တစုံတရာမတွေ့ရဘူးလို့ ရဲအုပ်က ပြောပါတယ်။

သေဆုံးသူရဲ့ ဆွေမျိုး နိုင်းထုမ်း အသက် (၃၅ နှစ်) က  ရဲတပ်ဖွဲ့ကို ထွက်ဆိုရာမှာ အခင်းဖြစ်တဲ့နေ့ ညနေက အခန်းတွင်းက ကလေးငိုသံကြားလို့  တံခါးသွားခေါက်တဲ့အခါ မဖွင့်ပေးလို့ တံခါးကို ရိုက်ချိုး ၀င်ရောက်ခဲ့ကြောင်း၊ အထဲရောက်တော့ မျက်နှာကြက်ပန်ကာက အ၀တ်စတွဲလွဲနဲ့ သေဆုံးနေတဲ့ ညီမဖြစ်သူ နန်းဗိုကိုတွေ့ရတဲ့အတွက် ကြိုးကိုဖြတ်ပြီး ခုတင်ပေါ် တင်ထားတာလို့ ပြောပါတယ်။

နန်းဗိုဟာ ရန်းဆစ်ဈေးထဲမှာ ထမင်းဟင်းရောင်း ချနေကြောင်း၊ ခုတလော ဈေးရောင်းမကောင်းတဲ့ အတွက် အရင်းရှုံးပြီး အကြွေးဆပ်ဖို့ ငွေမရှိတာရော၊ ဆယ်လအရွယ် သားလေးအတွက် နို့မှုန့်ဖိုးတောင် မတတ်တဲ့အကြောင်းတွေ ညည်းတွားနေတယ်လို့ နိုင်းထုမ်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က ကလေးငယ်ကို ဆွေမျိုးလက်ထဲ အပ်နှံပြီး  နန်းဗိုရဲ့အလောင်းကိုတော့ ထမဆတ် ဆေးရုံကို သယ်ဆောင်သွားကာ အမှုမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြပါ တယ်။

 

သတင်းရင်းမြစ် - https://www.youtube.com/watch?v=qAY6fwCQvCc&feature=youtu.be

http://www.bigza.com/news-175693

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013