DVB Logo
Home
နိုင်ငံရေး
ပြည်သူနှင့် နိုင်ငံတကာကို မျက်လှည့်မပြရန် အစိုးရအဖွဲ့သစ်ကို သတိပေး
DVB
·
May 27, 2011
Donate to DVB

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်အဖွဲ့​ဟာ သက်တမ်း​နှစ်လကြာအတွင်း​ ပြုပြင်​ပြောင်း​လဲ​ရေး​အတွက်လို့​ဆိုပြီး​ တတ်သိပညာရှင်​တွေ ပါဝင်တဲ့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေကို ပြုလုပ်တာ၊​ လုပ်ငန်း​တွေ အကောင်အထည်​ဖော်ဖို့​ ဝန်ကြီး​ဌာန​တွေအလိုက် ​ကော်မတီ​တွေကို ဖွဲ့​စည်း​လုပ်​ဆောင်​နေတာ​တွေဟာ ပြည်သူ​တွေနဲ့​ နိုင်ငံတကာကို မျက်လှည့်​ပြတာမျိုး​ မလုတ်ဖို့​လိုတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဥက္ကဋ္ဌ ဦး​တင်ဦး​က ​ပြောကြား​လိုက်ပါတယ်။

အစိုး​ရသက်တမ်း​ကာလ ၂ လအတွင်း​ အရင် စစ်အစိုး​ရလိုပဲ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ၊​ အဓမ္မလယ်ယာ​မြေသိမ်း​စည်း​မှု​တွေ၊​ လူ့​အခွင့်​အ​ရေး​ တက်ကြွလှုပ်ရှား​သူ​တွေ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်​နေဆဲ ရှိ​နေဆဲ ဖြစ်​နေတဲ့​ အ​ခြေအ​နေ​တွေအ​ပေါ်ကို သုံး​သပ်ပြီး​ အဖွဲ့​ချုပ်ဒုဥက္ကဋ္ဌ ဦး​တင်ဦး​က သတိ​ပေး​ ​ပြောကြာလိုက်တာပါ။

အစိုး​ရအဖွဲ့​အ​နေနဲ့​ တတ်သိပညာရှင်​တွေကို ဖိတ်​ခေါ် ​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်ပြီး​ အကြံဥာဏ်ရယူတာ​တွေ ရှိ​ပေမယ့်​ လက်​တွေ့​ အုပ်ချုပ်​ရေး​၊​ တရား​စီရင်​ရေး​တွေမှာ​တော့​ အကျိုး​သက်​ရောက်မှုမရှိ​သေး​တဲ့​အ​ပေါ် ​ထောက်ရှု​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

“​ပြောတဲ့​အလုပ်​တွေက​တော့​ လုပ်ငန်း​ချတဲ့​အတိုင်း​ လုပ်တာမျိုး​က လုပ်ရင်း​ တိုး​တက်​ကောင်း​မွန်လာတယ် ဆိုရင်​တော့​ သူတို့​တကယ်လုပ်တယ်လို့​ တွက်ရမှာ​ပေါ့​။ တကယ်လုပ်တာ မဟုတ်ဘဲနဲ့​ မျက်လှည့်​ပြတဲ့​သ​ဘောမျိုး​နဲ့​ စလုပ်ပြတာပဲ၊​ သက်​တောင့်​သက်သာ ဖြစ်​အောင်ပဲ သူတို့​စပြီး​တော့​ နိုင်ငံတကာက သူတို့​အ​ပေါ်မှာ ထင်သာမြင်သာနဲ့​ ပတ်သက်လို့​ ​ကောင်း​အောင်လုပ်တာမျိုး​ ဆိုရင်​တော့​ အလကား​ပေါ့​။ အခုအ​ခြေအ​နေ ကြည့်​ရတာ​တော့​ ဥပမာ ဥပ​ဒေစိုး​မိုး​ရေး​လို့​ ​ပြောတယ်။ ဥပ​ဒေ စိုး​မိုး​ရေး​ဆိုရင် တရား​ဥပ​ဒေဟာ လွတ်လပ်ရမယ်​ပေါ့​။ တရား​စီရင်တဲ့​နေရာမှာလည်း​ လွတ်လပ်ရမယ်။ ထင်သာမြင်သာတဲ့​ တရား​စီရင်မှုမျိုး​ ဖြစ်ရမယ်။ စသည်ဖြင့်​ပေါ့​ အဲဒါ​တွေ ​ပြောထား​တယ်။ သို့​သော်လည်း​ပဲ ခုထက်ထိ​တော့​ သိသိသာသာ တိုး​တက်လာတဲ့​ ထင်ရှား​တဲ့​ တိုး​တက်မှု​တွေ​တော့​ မ​တွေ့​သေး​ဘူး​။ ​စောင့်​ကြည့်​ရဦး​မှာပဲ​လေ။”

ဒါ့​အပြင် သမ္မတသစ် ဦး​သိန်း​စိန်အ​နေနဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ နိုင်ငံ​တော်ရဲ့​ အကြီး​အကဲအဖြစ် အမှန်တကယ်ပဲ လွတ်လပ်စွာ လုပ်ပိုင်ခွင့်​ ရှိမရှိဆိုတဲ့​ အ​ပေါ်ကိုလည်း​ သံသယရှိ​နေဆဲပဲလို့​လည်း​ ဦး​တင်ဦး​က ဆိုပါတယ်။

“ဦး​သိန်း​စိန်ဟာ သူ့​ကိုလွတ်လွတ်ကျွတ်ကျွတ်ပဲ လုပ်ခွင့်​ပေး​လိုက်ပြီလား​။ ဒါမှမဟုတ် သူတို့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရနဲ့​ပဲ နိုင်ငံ​တော်ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီက​နေပြီး​တော့​ သတ်မှတ်ထား​တဲ့​ ​အောက်ကပဲလုပ်ရမယ် ဆိုသလား​၊​ အဲဒီအ​ပေါ်မှာ လွတ်လွတ်ကျွတ်ကျွတ် သူ ဘယ်လိုလုပ်နိုင်မလဲ။ အဲ​တော့​ ဦး​သိန်း​စိန်က သမ္မတတ​ယောက် အ​နေနဲ့​ သူလွတ်လွတ်လပ်လပ် လုပ်နိုင်လို့​ လုပ်ခွင့်​ရှိလို့​ အကြံ​ပေး​ပုဂ္ဂိုလ်​တွေ ​ပေး​လို့​ လုပ်တယ်ဆိုရင်လည်း​ အကြံ​ပေး​တဲ့​ ပုဂ္ဂိုလ်​တွေက​တော့​ တိုင်း​ပြည်​ကောင်း​အောင်ပဲ သူတို့​ ကြိုး​စား​အကြံ​ပေး​မှာပဲ။ နိုင်ငံ​ရေး​နဲ့​ ပတ်သက်လို့​ဖြစ်​စေ၊​ စီး​ပွား​ရေး​နဲ့​ ပတ်သက်လို့​ဖြစ်​စေ။ ဥပ​ဒေနဲ့​ပတ်သက်လို့​ ဖြစ်​စေ​ပေါ့​။ အကြံ​ပေး​တယ်ဆိုတာ​တော့​ မ​ကောင်း​တဲ့​ အကြံ​တော့​ သူတို့​ ဘယ်​ပေး​မလဲ။ အကြံ​ပေး​လို့​ တင်ပြတာကို ဟိုပုဂ္ဂိုလ်​တွေက နား​ထောင်ပြီး​တော့​ ​ဆောင်ရွက်ရင်​တော့​ ကျ​နော်တို့​ အား​လုံး​က လမ်း​စ​ပေါ်နိုင်စရာ ရှိတယ်လို့​ မှတ်ယူရမှာ​ပေါ့​။ ဒီလိုပဲ သူတို့​ပြောတာ​ပြောတာပဲ ငါတို့​လုပ်ချင်မှ လုပ်တယ်ကွာဆိုရင်​တော့​လည်း​ မ​ပြောတတ်ဘူး​လေ။ ဖြစ်​လေ့​ဖြစ်ထ ရှိတာကိုဗျ။”

လက်ရှိအ​ခြေအ​နေမှာ အစိုး​ရဝန်ကြီး​ ဌာန​တွေအား​လုံး​က အကြံ​ပေး​ အဖွဲ့​ဝင်​တွေ၊​ တတ်သိပညာရှင်​တွေရဲ့​ အကြံပြုချက်​တွေကို အ​ကောင်အထည် ​ဖော်ဖို့​အတွက် ဝန်ကြီး​ဌာနအလိုက် အ​ကောင်အထည်​ဖော်​ရေး​ လုပ်ငန်း​ကော်မတီ ၄၀ ​ကျော်ကို ဖွဲ့​စည်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013