DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် မိုးကောင်း တမြို့လုံး ရေကြီးနေ
DVB
·
July 20, 2015
ကချင်ပြည်နယ် မိုးကောင်း တမြို့လုံး ရေကြီးနေ
Donate to DVB

ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် မိုးညင်းခရိုင် မိုးကောင်းမြို့မှာ တမြို့လုံး ရေတွေလွှမ်းပြီး မြို့ခံတွေ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရပါတယ်။

မိုးကောင်းမြို့နားမှာရှိတဲ့ နမ့်ယင်းချောင်းနဲ့ နမ့်ကောင်းချောင်း ၂ ခုရေတွေလျှံကျပြီး လူနေအိမ်ခြေ ရပ်ကွက်တွေထဲ ရေ၀င်ရောက်လာတဲ့အတွက် တမြို့လုံးနီးပါး အမြင့်ပိုင်းကို ရွှေ့ပြောင်းနေထိုင် နေရတယ်လို့ မိုးကောင်းမြို့မရဲစခန်းက တာဝန်ကျ ဒုတပ်ကြပ် ရဲကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မိုးကောင်းမြို့ပေါ်ရပ်ကွက် ဆယ်ခုစလုံးရေတွေ ၀င်နေပါတယ်ခင်ဗျ။ ၁၈ ရက်နေ့ကတည်းကနေ အခုထိ ရေနည်းနည်းကျပေမယ့် အကုန်မကျသေးဘူး။ ရပ်တံ့နေတယ်၊ ကျနော်တို့ ရဲစခန်းလည်း အခုရေထဲမှာပဲ၊ ခြေမျက်စိကျော် ရှိတယ်။ မြို့ဦးရပ်ကွက်က အဆိုးဆုံးဘဲ။ လူတရပ်လောက်ရှိတယ်။ တချို့ရပ်ကွက်က ရင်ခေါင်းထိ၊ ခါးထိ အဲလိုမြင့်တယ်။ ဆေးရုံမှာလည်း ရေတွေဝင်လို့ လူနာတွေကို မြို့လည်ဓမ္မာရုံကို ရွှေ့ထားရတယ်။ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိပါဘူး။”

ရေဘေးသင့်ပြည်သူတွေဟာ ဘေးလွတ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသဖြင့် နေရာ ၈ ခုလောက်မှာ ၀င်ရောက်ခိုလှုံနေရတဲ့အပြင် မိုးကောင်းမြို့ အနီးတ၀ိုက် ကျေးရွာတွေလည်း ရေလွှမ်းနေပြီး စပါးခင်း ဧကပေါင်း ၁၀၀၀ ကျော် ရေမြုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရေ၀င်စကလမ်းပန်းဆက်သွယ်ရေးတွေ ခဏပြတ်တောက်သွားခဲ့ပေမယ့် အခုတော့ သွားလာလို့ ရပြီလို့ ဆိုပါတယ်။

တနေ့ကတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် မိုးကောင်းကို ရောက်ရှိလာပြီး ရေဘေးသင့် ပြည်သူတွေကို ကြည့်ရှုအားပေးကာ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးသွားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်အတော်များများမှာ လည်း ရေကြီးရေလျှံ တံတားတွေကျိုးကျတာတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013