DVB Logo
Home
မြန်မာသတင်း
ကြံခင်း ဗိုလ်ချုပ်ကြေးရုပ် ညတွင်းချင်း ခေါင်းဖြတ်ခံရ
DVB
·
July 20, 2015
ကြံခင်း ဗိုလ်ချုပ်ကြေးရုပ် ညတွင်းချင်း ခေါင်းဖြတ်ခံရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့မှာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကမှ အသစ်ဖွင့်လှစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးသွန်းရုပ်တု ညတွင်းချင်း ခေါင်းဖြတ်ခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို လူငယ်တယောက်က ဦးခေါင်းပိုင်းကို ဖြတ်တောက်မှု ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံကို ဖမ်းဆီး အရေးယူထားတဲ့အကြောင်း၊ ဒါပေမယ့် ခုလို ဘာကြောင့်လုပ်ရတယ် ဆိုတာကိုတော့ အသေးစိတ် မပြောနိုင်သေးကြောင်း ကြံခင်းရဲစခန်းက ဒီဗွီဘီကို တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။

ကြံခင်းမြို့နယ် ရဲစခန်းက ဒု-တပ်ကြပ်တဦးက “သူ့ကို ကြံခင်းမြို့မ ရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၂ နဲ့ အမှုဖွင့်ထားပါတယ်ခင်ဗျာ။ ခု သူ့ကို ကြံခင်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ဖြိုးကျော်ဌေး (ခေါ်) ကိုဖြိုးလို့ ခေါ်ပါတယ်၊ အသက်က ၂၇ နှစ်ရှိပြီ။ ဘာကြောင့်လုပ်တာလဲ ဆိုတာကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

ကြံခင်းမြို့မှာ အာဇာနည်နေ့နဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို မနေ့က ပူးတွဲကျင်းပခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိုတော့ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ အဝေးပြေးကားဝန်းအနီး လမ်းမတော်လမ်းနဲ့ မက်သနောလမ်းဆုံထောင့်မှာ အမှတ်တရ ဂုဏ်ပြုစိုက်ထူခဲ့တာပါ။

ရုပ်တုကို မြို့ခံ ရပ်မိရပ်ဖတွေ၊ လူမူရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်း ကြိုးပမ်းခဲ့တာဖြစ်ပြီး အမြင့် ၇ ပေ၊ ကြေးပိဿာ     ချိန်ပေါင်း ၄၅၀ ကျော်ရှိတဲ့ ဒီရုပ်တုကို ကျပ် သိန်း ၁၂၀ ကုန်ကျခံကာ ၅ လကြာ အချိန်ယူ လုပ်ဆောင်ခဲ့ရတာပါ။

ဒီကနေ့ ဇူလိုင် ၂၀ မနက်မှာတော့ ဖြတ်တောက်ခံရတဲ့ ဗိုလ်ချုပ်ကြေးရုပ် ခေါင်းပိုင်းကို ပြန်ဆက်ပြီးသွားပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013