DVB Logo
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ် ဖွင့်နိုင်ရေး ဗဟိုဘဏ် ခွင့်ပြုချက် စောင့်ဆိုင်း
DVB
·
July 20, 2015
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ် ဖွင့်နိုင်ရေး ဗဟိုဘဏ် ခွင့်ပြုချက် စောင့်ဆိုင်း
Donate to DVB

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာစေမယ့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ် ဖွင့်လှစ်နိုင်ဖို့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲပဲလို့ eturbonews မှာဖော်ပြပါတယ်။

အဲဒီဘဏ်ရဲ့စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းတင်က “အစက ကျနော်တို့ မေလမှာ လိုင်စင်ရမယ်လို့ မျှော်မှန်းထားတာ၊ ခုထိမရသေးဘူး။ လိုင်စင်ရရင် နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ပထမဆုံး ဖွင့်သွားမှာပါ” လို့ ပြောပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဟာ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့ကူညီမှု၊ ချေးငွေကဏ္ဍတွေမှာ ပံ့ပိုးလုပ်ဆောင်မှုတွေ လုပ်သွားမယ်လို့ အဆိုပြုထားခဲ့တာပါ။

နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အစုလိုက် အပြုံလိုက် ၀င်ရောက်လာမှုကြောင့် ခုလို ဘဏ်ဖွင့်လှစ်ဖို့ ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍကနေ ရရှိတဲ့ အမြတ်ငွေဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့ပြီး ဒီနှစ်မှာတော့ နှစ်ဆရရှိဖို့ မျှော်မှန်းထားပါတယ်။

အဲဒီကုမ္ပဏီအနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်ခြင်း၊ အစုရှယ်ယာ ရောင်းချခြင်းတွေ အပါအ၀င် ဆက်စပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အစိုးရဆီက ကနဦး သဘောတူညီမှု ရရှိထားပါတယ်။

ဒီဘဏ်စီမံကိန်းဟာ ခရီးသွားလုပ်ငန်းကဏ္ဍတင် မကဘဲ တခြားဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013