DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ တရားဝင်လျှောက်ထားနိုင်
DVB
·
July 20, 2015
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူများ တရားဝင်လျှောက်ထားနိုင်
1 / 2
Donate to DVB

လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မီဒီယာတွေအပါအ၀င် ပြည်တွင်း ပြည်ပက စောင့်ကြည့်လေ့လာလိုသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် လျောက်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲတွေမှာ ထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ်နဲ့ အညီလျောက်ထားကြဖို့ ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
မီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့ကို ၁ ယောက်ကနေ ၃ ယောက်သာ လျောက်ထားဖို့ ကန့်သတ်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေ ညွန်ကြားချက်တွေအပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ထားတဲ့သတင်းမီဒီယာ ကျင့်ဝတ်ကိုလည်း လိုက်နာရမယ်လို့ ဆိုပါတယ်။

10521756_10204298018442526_1640186417520158351_nရွေးကောက်ပွဲ စောင့်ကြည့်မယ့် လူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေညွန်ကြားချက်တွေနဲ့ ပြည်တွင်းစောင့်ကြည့်လေ့လာရေး ကျင့်ဝတ်တွေကို လိုက်နာရမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်တွင်းနဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ပြီး လွတ်လပ်မျှတ ပွင့်လင်းမြင်သာစွာ ကျင်းပသွားမယ်လို့ အရင်ကတည်းက ကတိပေးထားတာပါ။

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အမေရိကန်အခြေစိုက် သမ္မတဟောင်း ဂျင်မီကာတာ ထူထောင်ထားတဲ့ ကာတာစင်တာနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ကို ဖိတ်ကြားမယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။

ကာတာစင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာ ဂုဏ်သိက္ခာရှိစေရေးအတွက် စစ်တပ်နဲ့ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့ အပါအ၀င် အကြံပြုချက်တွေကို မြန်မာပြည်ခရီးစဉ်အပြီး မတ်လ ၃၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာမှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေ အနှောင့်အယှက် အတားအဆီးမခံရအောင်လုပ်ဆောင်ပေးဖို့၊ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကိုအာမခံပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအနေနဲ့လည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည်သူတွေ၊ သတင်းထောက် တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ငန်းတွေကို ဟန့်တားခြင်းမရှိကြောင်း လူသိရှင်ကြား ကတိပေးဖို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းကတော့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို စစ်အစိုးရက ခွင့်ပြုခြင်းမရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013