DVB Logo
Home
မြန်မာသတင်း
ထိုင်းဘေးမဲ့တောအတွင်းမှ တောရိုင်းတိရစ္ဆာန် ဖမ်းဆီးသူ ထိုင်းကရင်မုဆိုး ၂ ဦးကို ဖမ်းမိ
DVB
·
July 20, 2015
ထိုင်းဘေးမဲ့တောအတွင်းမှ တောရိုင်းတိရစ္ဆာန် ဖမ်းဆီးသူ ထိုင်းကရင်မုဆိုး ၂ ဦးကို ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံတွင်း ပိုင်နက်ကျူးလွန်ပြီး တောဝက်တစ်ကောင်အပါအ၀င် တောရိုင်းတိရစ္ဆာန်ကျူးကျော် ဖမ်းဆီးသူ ကရင်အမျိုးသား ၂ ဦးကို စူဝမ်ဖန်ခရိုင်၊ ဖချီမြစ်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲမှာ ဇူလိုင်လ ၁၉ ရက်မှာဖမ်း ဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။

ဒမ်နဲ့ချို အမည်ရအဲဒီ ထိုင်းကရင်အမျိုးသား ၂ ဦးဟာ အခြားအမျိုးသား ၁ ဦးနဲ့အတူ အနီးပစ် သေနတ်တစ်လက်နဲ့ ဓာတ်မြေသြဇာအိတ်တွေကို တောင်စောင်းအတိုင်းသယ်လာတဲ့ အချိန်မှာ ဘေးမဲ့တောတာဝန်ကျစစ်သား ၈ ယောက်က ဖမ်းဆီးဖို့ကြိုးစားခဲ့ကြတာပါ။

သူတို ၃ ဦးစလုံးဟာ တန်နောင်စရီခရိုင်၊ ဘန်းဟွီနန်းနက်ခ်ဒေသက ဖြစ်ပြီး အမည်မသိတဲ့ အမျိုးသားကတော့ အဲဒီအချိန်မှာ အိတ်တွေနဲ့ အနီးပစ် သေနတ်ကိုပစ်ချခဲ့ပြီး ထွက်ပြေးသွား ခဲ့ပါတယ်။

သူတို့ရဲ့အိတ်တွေထဲမှာ တောဝက်ခေါင်းတခေါင်း၊ ရေချိုလိပ်အရှင်တ ကောင်၊ ဖွတ်အရှင် ၂ ကောင်၊ အသေတကောင်အပါအ၀င် တောရိုင်းတိရစ္ဆာန် အသားတွေ တွေ့ရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။

သူတို့ကို စူဝမ်ဖမ်ခရိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး တရားမ၀င်အမဲလိုက်ဖမ်းဆီးခြင်းအတွက် ပြစ်ဒဏ်စီရင်မှာ ဖြစ်ပြီး ရဲက ထွက်ပြေးလွတ်မြောက်သူကို ရှာဖွေနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013