DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲချိန်တန်ပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ)
DVB
·
July 20, 2015
ပြောင်းလဲချိန်တန်ပြီဟု  ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ)
Donate to DVB

တိုင်းပြည်မှာ မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခု ထူထောင်ဖို့နဲ့ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ အချိန်တန်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။

ဇူလိုင် ၁၉ ရက်  ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အဖွဲ့ချုပ် ဗဟိုဌာနချုပ်မှာ ကျင်းပတဲ့  ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ရွေးကောက်ပွဲ ဆောင်ပုဒ်နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ဟာ နှစ်ပေါင်းများစွာ ရုန်းကန်တဲ့နည်းနဲ့၊ အပင်ပန်းခံတဲ့နည်းနဲ့ ပြည်သူတွေကို အကျိုးပြုခဲ့တယ်လို့ ယူဆပါတယ်။ နောက်ဆက်ပြီးတော့ ပြည်သူတွေကို မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခု ထူထောင်ပေးတဲ့နည်းနဲ့ အကျိုးပြုချင်ပါတယ်။ ဒီလိုအကျိုးပြုချင်လို့ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဆောင်ပုဒ်ကတော့ ပြောင်းလဲချိန်တန်ပြီဆိုတာ လူတိုင်းကလည်း သဘောတူလိမ့်မယ်လို့ ထင်ပါတယ်။ တကယ် အမှန်တကယ်ပြောင်းလဲမှ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာပါ။ ပြောင်းလဲသယောင် ပြောင်းလဲသယောင်နဲ့ အရင်ပုံစံပဲ ဆက်သွားမယ်ဆိုရင်တော့ ကျမတို့ပြည်သူတွေဟာ အရင်အတိုင်းပဲ ဆက်ပြီး ဆင်းရဲနေမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် တဦးချင်းချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်မလာကြဖို့လည်း အတိုက်အခံပါတီ ခေါင်းဆောင်က သတိပေး ပြောကြားသွားပါတယ်။

“ကျမတို့ဟာ ကျမတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေ ဆိုပြီးတော့ ဖြစ်ရပါလိမ့်မယ်။ ကျမတို့ဟာ အင်အားရှိလေ တဦးချင်း တဦးချင်း ချမ်းသာလေဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေတော့ အခုတည်းက အဖွဲ့ချုပ်နားမကပ်ပါနဲ့လို့  ကျမမေတ္တာရပ်ခံပါရစေ။”

လူမျိုး၊ ဘာသာတွေ အားလုံးက ပုံစံမတူပေမယ့် ဒီမိုကရေစီကျတဲ့၊ လွတ်လပ်တဲ့  မြန်မာနိုင်ငံတော် ထူထောင်ဖို့ တစိတ်တ၀မ်းတည်း ဖြစ်တဲ့အကြောင်း  လွတ်လပ်ရေး ရရှိဖို့အတွက် တာဝန်မပြီးဆုံးခင်မှ ကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့တာလို့လည်း  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်ဗိမာန်မှာ မနေ့က ကျင်းပတဲ့ ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေနဲ့အတူ သွားရောက် ဂါရဝပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013