DVB Logo
Home
မြန်မာသတင်း
MISS UNIVERSE THAILAND 2015 တွင် ဘ၀စိုပြည်လှပမှုဆု ရရှိသည့် ရှမ်းတိုင်းရင်းသူ
DVB
·
July 20, 2015
MISS UNIVERSE THAILAND 2015 တွင် ဘ၀စိုပြည်လှပမှုဆု ရရှိသည့် ရှမ်းတိုင်းရင်းသူ
Donate to DVB

မယ်စကြာဝဠာပြိုင်ပွဲ ၀င်ရောက်ဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးက မိမိနိုင်ငံကိုယ်စားပြု အလှမယ်ရွေးပွဲတွေ ကျင်းပနေတာမှာ ထိုင်းနိုင်ငံက အလှမယ်ရွေးပွဲကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့က ဘန်ကောက်မှာ ကျင်းပခဲ့ပါတယ်။

၂၀၁၅ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူဆုအပြင် နောက်ထပ် အလှမယ် ပထမဆု၊ ဒုတိယဆု နဲ့ ဓာတ်ပုံအစားဆုံးဆု၊ ဘ၀စိုပြည်လှပမှု အလှဆုံးဆု၊ ပြုံးအလှပိုင်ရှင်ဆု၊ ပရိသတ်များကြား ရေပန်းအစားဆုံးဆုတွေပါ ပေးအပ်ခဲ့ပါသေးတယ်။

အဲဒီဆုတွေထဲမှာ ဘ၀စိုပြည်လှပမှုဆု (Miss Colourful Life) ကို ထိုင်းနိုင်ငံမြောက်ပိုင်း ဖှန်မြို့နယ်က ရှမ်းတိုင်းရင်းသူ  တဦး ရရှိခဲ့ပါတယ်။

သူကတော့ ခါးနံပတ် ၇ နန်းဆောင်အာရိယာ ဆန်တိထမ်း (Alisar Santitarm) ပါ။ သူဟာ ပြီးခဲ့တဲ့ ချင်းမိုင် ဆောင်းရာသီ အလှမယ်ပြိုင်ပွဲမှာလည်း ပထမရရှိခဲ့ပါတယ်။ ဘ၀လှပစိုပြည်လှပမှု ဆုအတွက် ထိုင်းဘတ်ငွေ ၁ သိန်းနဲ့ အသက်အာမခံငွေ ဘတ် ၃ သန်း ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၅ အလှမယ်သရဖူကို ဆွတ်ခူးခဲ့သူကတော့ ခါးနံပါတ် ၃၇  နန်းဆောဝ် အနိဖွန်း ချလိုမ်ပူရန၀ုန်း (Aniporn Chalernburanawong)  ဖြစ်ပါတယ်။

သူမဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ကဖြစ်ပြီး လက်ရှိ ထမဆတ်တက္ကသိုလ်မှာ လူမှုရေးသိပ္ပံ ဘာသာရပ်ကို သင်ယူနေသူ ဖြစ်ပါတယ်။

ထိုင်းအလှမယ် ရရှိတဲ့ ဆုတွေကတော့ စိန်သရဖူ၊ ဘတ်ငွေ ၁ သန်း၊ တိုယိုတာကားတစီး၊  အလှအဆင်တန်ဆာ တဆင်စာအပြင် တသီးပုဂ္ဂလ ကုမ္ပဏီတွေက ချီးမြှင့်တဲ့ဆုတွေလည်း ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013