DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို မရွေးချယ်ရန် လက်ကမ်းစာစောင်များ မြောင်းမြတွင် လိုက်ဝေ
DVB
·
July 19, 2015
ဒေါ်အောင်ဆန်းစုကြည်ကို မရွေးချယ်ရန် လက်ကမ်းစာစောင်များ မြောင်းမြတွင် လိုက်ဝေ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (အန်အယ်လ်ဒီ)ပါတီကို မရွေးချယ်ဖို့ ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို နတ်စင်တစ်ရာဆရာတော် နဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ဝန်ကြီးတွေရဲ့စတုဒီသာအလှူမှာ အမည်မသိလူတစုက ဖြန့်ဝေခဲ့ပါတယ်။

လက်ကမ်းစာစောင်တွေကို ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်း နတ်စင်တစ်ရာဆရာတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးတွေရဲ့ စတုဒီသာအလှူမှာ အမည်အမသိလူတစ်စုက ဖြန့်ဝေခဲ့တာပါ။

လက်ကမ်းစာစောင်ဝေနေတာကို တွေ့ရှိတဲ့ မြောာင်းမြမြို့ အမှတ် ၁၀ ရပ်ကွက်နေ ဦးကျော်ဆန်းက “ရွှေသာလျောင်းအလယ်ပေါက်မှာ လူငယ် ၂ ယောက် စာရွက်တွေကိုင်ပြီး ဝေနေတာ တွေ့တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီအနေနဲ့ ကန့်ကွက်ရှုတ်ချပြီး ဆက်လက် မလုပ်ဆောင်နိုင်အောင် တာဝန်ယူတာဆီးပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုတယ်လို့ အန်အယ်လ်ဒီ ဗဟိုညီလာခံကိုယ်စားလှယ် ဒေါ်ခိုင်က ပြောပါတယ်။

“အစ်မတို့ ခေါင်းဆောင်ကို ဒီလိုစော်ကားတာ လုံးဝမကြိုက်ပါဘူး။ ဒီလိုမျိုးကို ကန့်ကွက်ပါတယ်။ ဒီလိုမျိုး ဖန်တီးပြီး လက်ကမ်းဝေတာမျိုးကိုလည်း ကန့်ကွက်ဆန့်ကျင် ရှုတ်ချပါတယ်။ ဒီလိုမျိုးလုပ်တာကို ရပ်တန်းကနေ တာဝန်ယူတားဆီးပေးဖို့ ပါတီအနေနဲ့ တောင်းဆိုပါတယ်။”

စာစောင်မှာ မဘသ ဗဟိုအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီပါတီကို ရွေးချယ်မယ်ဆိုရင် တိုင်းပြည်နဲ့ သာသနာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နတ်စင်တစ်ရာဆရာတော်အပါအဝင် မြောင်းမြက မဘသ ဆရာတော်အချို့နဲ့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေက မသိရှိဘူးလို့ ငြင်းဆိုပါတယ်။

မြောင်းမြမြိုက ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးလှမြင့်ထူးက “အလှူအတန်းလုပ်တာကတော့ ကျနော်တို့ နတ်စင်ဆရာတော် ဘုရားကြီးက ဦးဆောင်ပြီး လုပ်တာပေါ့။ ၉၉ ကြိမ်မြောက် စတုဒီသာ အလှူပွဲပါ။ အလှူပွဲမှာ စာရွက်စာတမ်းဝေသွားတာ ကျနော်တို့လည်း မသိရှိဘူး၊ ကျနော်တို့အနေနဲ့လည်း တစုံတယောက်ကို ခိုင်းခြင်းမရှိဘူး။ ဒီစာနဲ့ပတ်သက်ပြီး ကျနော်တို့အဖွဲ့အစည်းက လုံးဝေ၀ခြမ်းတာ မရှိပါဘူး” လို့ ပြောပါတယ်။

အလှူပွဲကို ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး အပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်းနဲ့ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး နှစ်ဦးအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မြောင်းမြမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့သတင်းထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013