DVB Logo
Home
နိုင်ငံရေး
ဝန်ကြီးဦးကျော်ဆန်း၏ ဝန်ကြီးဌာနများ အပြောင်းအလဲမမြင်သေး
DVB
·
May 26, 2011
Donate to DVB

အစိုး​ရသစ်ကိုယ်တိုင်နဲ့​ ဝန်ကြီး​ဌာနအသီး​သီး​က ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်ကိုင်နိုင်ဖို့​ဆိုပြီး​ တတ်သိပညာရှင်​တွေကို ဖိတ်​ခေါ်ကာ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ စာတမ်း​ဖတ်ပွဲ​တွေ ပြုလုပ်​နေကြတဲ့​အချိန်မှာ တိုင်း​ပြည်ရဲ့​ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့​ စာနယ်ဇင်း​တွေကို အဓိက ချုပ်ကိုင်ထား​တဲ့​ ဗိုလ်မှူး​ချုပ်​ဟောင်း​ ဦး​ကျော်ဆန်း​ရဲ့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက​တော့​ ဒီလို​တွေ​ဆောင်ရွက်တာမျိုး​ မရှိ​သေး​တဲ့​အ​ပေါ် ဝေဖန်လိုက်ကြပါတယ်။

နအဖစစ်အစိုး​ရ လက်ထက်ကတည်း​က ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ ဝန်ကြီး​အဖြစ်တာဝန်ယူခဲ့​တဲ့​ ဗိုလ်မှူး​ချုပ်​ဟောင်း​ ဦး​ကျော်ဆန်း​က အစိုး​ရ အဖွဲ့​သစ်မှာလည်း​ ဒီဝန်ကြီး​ဌာနအပြင် ယဉ်​ကျေး​မှုဝန်ကြီး​ဌာနကိုပါ ပူး​တွဲပြီး​ ဝန်ကြီး​အဖြစ် တာဝန်ယူ​ဆောင်ရွက်​နေတာလည်း​ ဖြစ်ပါတယ်။

သမ္မတဦး​သိန်စိန်ကိုယ်တိုင် ဦး​ဆောင်ပြီး​ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ အလုပ်ရုံ ​ဆွေး​နွေး​ပွဲ အပါအဝင် အခြား​ဝန်ကြီး​ဌာန​တွေရဲ့​ ဝန်ကြီး​တွေ ပညာရှင်​တွေကို ဖိတ်​ခေါ်ပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​အတွက်ဆိုပြီး​ ​ဆွေး​နွေး​ပွဲ​တွေ ဆက်တိုက်လိုလို ပြုလုပ်​နေကြတဲ့​ အချိန်မှာ ဒီဝန်ကြီး​ဌာန​တွေမှာ မပြုလုပ်​သေး​တဲ့​အ​ပေါ် ​ဝေဖန် လိုက်ကြတာလည်း​ ဖြစ်ပါတယ်။ အဲဒီလို​ဝေဖန်ကြတဲ့​ထဲက ရုပ်ရှင်ဒါရိုက်တာ ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) က ခုလို ​ပြောကြား​ပါတယ်။

“​လော​လောဆယ် မစလို့​တော့​ မရဘူး​ ဒါကြီး​က​လေ။ အကုန်လုံး​ ​ပြောင်း​ပြီး​တော့​ ဒီဟာကြီး​ မ​ပြောင်း​ပဲ ကျန်​နေလို့​တော့​ မရဘူး​ခင်ဗျ။ အဲဒီလို ​ဆွေး​နွေး​ပွဲ​တွေ၊​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ ဘယ်​တော့​များ​ လုပ်​ပေး​မလဲ ဆိုတဲ့​ ​မျှော်လင့်​ချက်က​တော့​ အမြဲတမ်း​ ရှိတာ​ပေါ့​။ အဲဒီလိုများ​ လုပ်လို့​ရှိရင် ​ပြောစရာ​တွေ အများ​ကြီး​ပဲ။ ကျ​နော်တို့​က တိုက်ခိုက်ခြင်း​မဟုတ်ဘူး​ ​ကောင်း​စေချင်တဲ့​ ဆန္ဒဆိုတာ​ပေါ့​နော်။ ဒါ​ပေမယ့်​ အခု​လော​လောဆယ်အထိ​တော့​ ဘာမှ မထူး​ခြား​သေး​ဘူး​။ ဒီလို ​ပြောလိုက်တယ်၊​ ဟုတ်ကဲ့​ ဟုတ်ကဲ့​ဆိုပြီး​ ပြီး​သွား​တော့​ ​နောက်ကျ​တော့​ အရင်လိုပဲ ပြန်ဖြစ်သွား​တယ်ဆိုရင်​တော့​ မဖြစ်ဘူး​။ အဲဒါ​တွေကိုလည်း​ အခု ​နောက်ပိုင်း​ကျရင် ခံကြမှာ မဟုတ်​တော့​ဘူး​လေ။ အခုက နိုင်ငံ​တော် သမ္မတကြီး​ဆီကို အကုန်လုံး​ တိုင်ဖို့​တောဖို့​ ဖြစ်လာကြလိမ့်​မယ်။”

သတင်း​ဂျာနယ်အယ်ဒီတာတဦး​ကလည်း​ သတင်း​စာ လွတ်လပ်ခွင့်​တွေကို အပြည့်​အဝ​ပေး​ဖို့​ ဆိုတာထက် ဝန်ကြီး​ဌာနအတွင်း​ ဖြစ်​ပေါ်​နေတဲ့​ အ​ခြေအ​နေ​တွေကို သုံး​သပ်နိုင်ဖို့​နဲ့​ အပြင်​လောက ချိတ်ဆက်ပြီး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်​ပေး​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

“တကယ်က​တော့​ လက်​တွေ့​လုပ်​နေတဲ့​လူ​တွေနဲ့​ အ​ဖြေရှာဖို့​တော့​ ​ကောင်း​တာ​ပေါ့​။ စာ​ပေလွတ်လပ်ခွင့်​ဘယ်လိုသွား​မယ်ဆိုတာ အ​ပေါ်က​နေချ​ပေး​တာထက်။ အခုလုပ်​နေတဲ့​ ဝန်ကြီး​ဌာန​တွေအား​လုံး​ အ​ဖြေရှာ​နေတာက တကယ့်​ လက်​တွေ့​လုပ်​နေတဲ့​လူ​တွေနဲ့​ပေါင်း​ပြီး​ အ​ဖြေရှာ​နေတာပဲ။ ကျ​နော်တို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ဒါမျိုး​အ​ဖြေရှာဖို့​ကောင်း​တာ​ပေါ့​။ ကျ​နော်တို့​တွေလည်း​ လုပ်သင့်​တာ​ပေါ့​ဗျာ။ မလုပ်ရင်​တော့​ ကျ​နော်တို့​ အများ​ကြီး​ကျန်ခဲ့​လိမ့်​မယ်။”

အနုပညာ​လောသား​၊​ သတင်း​မီဒီယာ​လောကသား​တွေ အဲ့​ဒီလို ​မျှော်လင့်​နေကြသလိုပဲ ယဉ်​ကျေး​မှုဝန်ကြီး​ဌာနနဲ့​ ဆက်နွှယ်​နေတဲ့​ ပြင်ပက ပညာရှင်​တွေလည်း​ ဒီလိုအ​ပြောင်း​အလဲ​တွေကို လုပ်​ဆောင်ဖို့​ တိုက်တွန်း​ ကြတာမျိုး​တွေလည်း​ ရှိ​နေပါတယ်။

အဲဒီထဲက ​ရှေး​ဟောင်း​ သု​တေသနပညာရှင် တပ္ပဝတီဦး​ဝင်း​မောင်က ...

“ကျ​နော်တို့​လည်း​ ​ပြောကြား​ချင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​ ​ရှေး​ဟောင်း​သု​တေသနဌာနမှာ လွန်ခဲ့​တဲ့​ နှစ် ၂၀ ​လောက်ကစပြီး​တော့​ ပညာရပ်ပိုင်း​ဆိုင်ရာ ​လေ့​လာမှု​တွေမှာ အား​နည်း​သွား​ပါတယ်။ ဒါ့​အပြင် ဒါ​တွေကို ​လေ့​လာတဲ့​ ပညာရှင်လည်း​ အား​နည်း​သွား​တဲ့​အခါကျ​တော့​ ​ရှေး​ဟောင်း​သု​တေသနဌာနက စာတမ်း​ဖတ်မှု​ရော၊​ တူး​ဖော်သု​တေသန ပြုမှု​ရော၊​ စာတမ်ထုတ်​ဖော်မှု​ရော အား​နည်း​ခဲ့​ပါတယ်။ ကျ​နော်တို့​ သိသ​လောက်က​တော့​ ယဉ်​ကျေး​မှုဝန်ကြီး​ အဆက်ဆက် ရှိတဲ့​အခါမှာ ဝန်ကြီး​ဦး​ဝင်း​စိန်၊​ ဝန်ကြီး​ ဦး​ကြည်​အောင်​ပေါ့​။ ဒီဝန်ကြီး​နှစ်ပါး​ရဲ့​ လက်ထက်မှာ အရင်တုန်း​က လူကြီး​ခိုင်း​တာ လုပ်​နေတဲ့​ ယဉ်​ကျေး​မှုဌာန ဝန်ထမ်း​တွေက ကျ​နော်တို့​သမိုင်း​မှာ ကွင်း​ဆက် ပြတ်​နေတဲ့​ဟာ​တွေကို ပြန်ပြီး​ ​ဖော်ထုတ်လာခဲ့​တဲ့​အတွက် စိတ်ပါလာတဲ့​ ပညာရှင်​တွေလည်း​ ရှိလာသလို နိုင်ငံ​တော် ယဉ်​ကျေး​မှုဌာနက​နေ ဒါ​တွေကို အား​ပေး​လာတယ်ဆို​တော့​ တိုး​တက်မှု​တွေ ​တွေ့​လာတဲ့​အတွက် ဒီတိုး​တက်မှုကို အ​ခြေခံပြီး​တော့​ ဝန်ကြီး​အသစ်​ပြောင်း​လာတဲ့​ ဦး​ကျော်ဆန်း​လက်ထပ်မှာလည်း​ ဒါ​တွေကို ပြန်ကြား​ရေး​ဝန်ကြီး​ဘဝကတည်း​က သိတယ်ဆို​တော့​ ယဉ်​ကျေး​မှုဝန်ကြီး​ ဖြစ်လာတဲ့​ အချိန်မှာ ဒါ​တွေကို သူပြန်လုပ်မယ်လို့​ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်။”

အစိုး​ရအဖွဲ့​သစ်မှာ​တော့​ ဗိုလ်မှူး​ချုပ်​ဟောင်း​ ဦး​ကျော်ဆန်း​ဟာ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနကို ဒု-ဝန်ကြီး​ ဦး​စိုး​ဝင်း​၊​ ယဉ်​ကျေး​မှုဝန်ကြီး​ဌာန ဒု-ဝန်ကြီး​ ​ဒေါ်စန္ဒာခင်နဲ့​အတူ တာဝန်ယူ ​ဆောင်ရွက်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013