DVB Logo
Home
စီးပွားရေး
ရှမ်းပြည်တောင်ပိုင်းတွင် အာဏာပိုင်များကို ငွေပေးပြီး ဘိန်းစိုက်ပျိုး
DVB
·
May 26, 2011
Donate to DVB

ရှမ်း​ပြည်​တောင်ပိုင်း​မှာ နယ်​မြေခံပြည်သူ့​စစ်နဲ့​ အာဏာပိုင် စစ်တပ်​တွေကို ​ငွေ​ပေး​ပြီး​တော့​ ​ဒေသခံ​တွေ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​ကို အ​တော်များ​များ​ လုပ်ကိုင်​နေကြပါတယ်။

ရှမ်း​ပြည်​တောင်ပိုင်း​ နမ့်​စန်၊​ လွိုင်လင်၊​ မိုင်း​ပွန်၊​ ပင်လုံ၊​ ဆီဆိုင်၊​ ဟိုပုံး​၊​ လင်း​ခေး​ စတဲ့​ ​ဒေသဘက်က ​ဒေသခံ ဘိန်း​တောင်သူ​တွေဟာ နယ်​မြေခံပြည်သူ့​စစ်နဲ့​ အာဏာပိုင်​တွေကို ​ငွေ​ပေး​ပြီး​ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်​နေပါတယ်။

တချို့​နေရာမှာ စစ်တပ်ကို တဧက ၅ ​သောင်း​က​နေ ၈ ​သောင်း​အထိ မြို့​နဲ့​ အနီး​အ​ဝေး​ပေါ် မူတည်ပြီး​ ​ပေး​ရသလို ပြည်သူ့​စစ်နဲ့​ နီး​စပ်တဲ့​ဘက်မှာ​တော့​ ထွက်ရှိလာတဲ့​ ဘိန်း​ပိဿာချိန်ကို လိုက်ပြီး​ ​ပေး​နေရတယ်လို့​ နမ့်​စမ်မြို့​နယ်ဘက်က ​ဒေသခံတဦး​က ​ပြောပါတယ်။

“အခုလုပ်တာက​တော့​ ​တောင်သာ ပအို့​ဝ်၊​ လီ​ရှော အကုန်လုံး​လုပ်တာပဲ။ အဲဒီဟာ မလုပ်ရင်လည်း​ ပိုက်ဆံက မရဘူး​။ ရိုး​ရိုး​အလုပ်လည်း​ မရှိဘူး​။ ဘိန်း​စိုက်တာက တရွာလုံး​ အိမ်တိုင်း​ပဲ စိုက်​နေတာပဲ။ စစ်သား​ပအိုဝ် သူတို့​နယ်​မြေ​လေ ၂ ဖွဲ့​တောင်ရှိတယ် ပအို့​ဝ်နီနဲ့​ ပအို့​ဝ်ဖြူ။ ၁ ပိဿာ​လောက်ရရင် သူတို့​ကို ၅ ​သောင်း​လောက် ​ပေး​ရတယ်။”

ဘိန်း​စိုက်ပျိုး​ရေး​ကို ​ဒေသခံ​တွေတင်မက နယ်စပ်ဘက်က တရုတ်လူမျိုး​တွေပါ ​မြေဧက ရာနဲ့​ချီပြီး​တော့​ လာပြီး​ ဝယ်ယူလုပ်ကိုင်ကြတယ်။

ဘိန်း​စိုက်ပျိုး​မယ်ဆိုရင် အရင်း​နှီး​က တဧကကို ကျပ်ဆယ်သိန်း​လောက်ရှိမှ ဖြစ်တဲ့​အတွက် ကိုယ်တိုင် မစိုက်နိုင်သူ​တွေက​တော့​ ဘိန်း​ခင်း​မှာ ​နေ့​စား​ အလုပ် သွား​လုပ်ကြပြီး​ ဘိန်း​ခြစ်တဲ့​ ရာသီဆိုရင် လုပ်အား​ခ ပိုရတယ်လို့​ ပင်လုံမြို့​ခံတဦး​က ​ပြောပါတယ်။

တ​နေ့​ကို ကျပ်တ​သောင်း​အထိရ​တော့​ အထက်တန်း​နဲ့​ တက္ကသိုလ် ​ကျောင်း​သူ​ကျောင်း​သား​တွေ၊​ စစ်သား​မိန်း​မနဲ့​ သား​သမီး​တွေလည်း​ လုပ်ကြတယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံအစိုး​ရက မူး​ယစ်​ဆေး​ဝါး​ပ​ပျောက်​ရေး​စီမံကိန်း​ကို ၁၉၉၉ ခုနှစ် က​နေ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်စီမံကိန်း​နဲ့​ အ​ကောင်အထည်​ဖော်​နေတယ်လို့​ နိုင်ငံပိုင်သတင်း​နဲ့​ မီဒီယာ​တွေမှာ မကြာခဏ ​ဖော်ပြ​နေ​ပေမယ့်​လည်း​ ​ဒေသထဲမှာ​တော့​ ဘိန်း​စိုက်ပျိုး​မှု၊​ ​ရောင်း​ဝယ်မှု၊​ မူး​ယစ်​ဆေး​သုံး​စွဲမှုနှုန်း​တွေ မြင့်​နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့​ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့​ ရာဇဝတ်မှုဆိုင်ရာရုံး​ရဲ့​ ၂၀၁၀ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာမှာလည်း​ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဘိန်း​စိုက်ပျိုး​မှု ဒုတိယ အများ​ဆုံး​ နိုင်ငံဖြစ်ပြီး​ စိတ်ကြွ​ဆေး​ထုတ်လုပ်မှုက​တော့​ အ​ရှေ့​တောင်အာရှ နိုင်ငံ​တွေထဲမှာ စတုထ္ထအများ​ဆုံး​နိုင်ငံလို့​ ​ဖော်ပြသွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013