DVB Logo
Home
ကျန်းမာရေး
အန်အယ်လ်ဒီသွေးလှူအဖွဲ့ သွေးလှူခွင့် ငြင်းပယ်ခံရ
DVB
·
May 26, 2011
Donate to DVB

တနင်္သာရီတိုင်း​ ​ကော့​သောင်း​မြို့​နယ် အမှတ် ၁၃ ကုတင် ၁၀၀ ဆန့်​ စစ်​ဆေး​ရုံတာဝန် ရှိသူ​တွေက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​သွေး​လှူ လူငယ်အဖွဲ့​ရဲ့​ ​သွေး​လှူဒါန်း​မှုကို လက်မခံဘဲ ငြင်း​ပယ်လိုက်ပါတယ်။

အဖွဲ့​ချုပ် ​ကော့​သောင်း​ လူငယ်​သွေး​လှူ​ရေး​အဖွဲ့​ဝင် ၅ ဦး​ မ​နေ့​ ​မေလ ၂၄ ရက်​နေ့​က ​သွေး​သွား​လှူရာမှာ ငြင်း​ပယ်ခံရတာပါ။

အဖွဲ့​ချုပ်​သွေး​လှူအဖွဲ့​တွေ လာ​ရောက်လှူဒါန်း​ရင် လက်မခံဖို့​ အထက်က ညွှန်ကြား​ထား​တယ်လို့​ ​ဆေး​ရုံတာဝန်ရှိသူ​တွေက ​ပြောတဲ့​အ​ကြောင်း​ ​ကော့​သောင်း​မြို့​နယ် အဖွဲ့​ချုပ်ဝင် ကိုမြင့်​မောင်က ​ပြောပါတယ်။

ဒါ့​ကြောင့်​ အန်အယ်ဒီအ​နေနဲ့​ လှူခွင့်​မရဘဲ သာမန်ပြည်သူတ​ယောက်အ​နေနဲ့​သာ လှူခဲ့​ရတယ်လို့​ ​ပြောပါတယ်။

“လူနာရဲ့​ အသက်တ​ချောင်း​ကို ဦး​စား​မ​ပေး​ဘဲနဲ့​ ကျ​နော်တို့​ အဖွဲ့​အ​ပေါ်မှာ အာဃာတ စိတ်နဲ့​ အန်အယ်လ်ဒီ​သွေး​ကို မယူဘူး​ဆိုတဲ့​ ပုံစံမျိုး​ ​ပြောလာ​တော့​ ဒီအ​ပေါ်မှာ စိတ်က​တော့​ အ​နှောင့်​အယှက် ဖြစ်မိတာ​ပေါ့​နော်။ ဒါ​ပေမယ့်​ လူနာရဲ့​ အ​ခြေအ​နေကလည်း​ ​တော်​တော်ကြီး​ကို ​သွေး​လိုအပ်တဲ့​ အ​ခြေအ​နေမျိုး​ ဖြစ်​နေ​တော့​ ​နောက်ဆုံး​မှာ ကျ​နော်တို့​ ညှိနှိုင်း​ပြီး​တော့​ သာမန်​သွေး​အလှူရှင်တဦး​အ​နေနဲ့​ပဲ လှူဒါန်း​ခဲ့​ပါတယ်။”

လူငယ် ​သွေး​ကူညီ​ရေး​အဖွဲ့​ဟာ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်လာကတည်း​က လူငယ်​တွေ စု​ပေါင်း​ပြီး​ စတင်​သွေး​လှူ​ရေး​ လုပ်ငန်း​တွေ လုပ်ကိုင်ရာက​နေ အခုလို တား​မြစ်ခံရတာ ဖြစ်ပါတယ်။

ဒီလ ၂၃ ရက်​နေ့​က တနင်္သာရီတိုင်း​ ဝန်ကြီး​ ဦး​ခင်​ဇော်ဦး​ ​ကော့​သောင်း​မြို့​ ​ဆေး​ရုံကို ဝင်စစ်​ဆေး​ခဲ့​ရာမှာ ​သွေး​အလှူရှင်​တွေဟာ အဖွဲ့​ချုပ်လူငယ်​တွေ အများ​စုဖြစ် ​နေတာ ​တွေ့​ရှိပြီး​ ဝန်ထမ်း​တွေ ကြိမ်း​မောင်း​ခံရပြီး​နောက် အခုလို တား​မြစ်ဖို့​ ညွှန်ကြား​ ချက်ထွက် ​ပေါ်လာတာဖြစ်ပါတယ်။

 

အင်မတန်မွန်မြတ်တဲ့​ ​သွေး​လှူဒါန်း​မှုကို ငြင်း​ပယ်တဲ့​လုပ်ရပ်ဟာ မဖြစ်သင့်​ပါဘူး​လို့​ ကိုမြင့်​မောင်က ​ပြောပါတယ်။

“တ​ယောက်နဲ့​ တ​ယောက် သံသယစိတ်​တွေ၊​ ခွဲခြား​ဆက်ဆံတဲ့​ဟာ​တွေ၊​ ယုံကြည်မှု မရှိတဲ့​ဟာ​တွေ​ကြောင့်​သာလျှင် အမျိုး​သား​ရင်ကြား​စေ့​ရေး​က ကြန့်​ကြာ​နေရ တာ။ အဲဒီ​တော့​ ကျ​နော်တို့​က တူညီတဲ့​ ​နေရာက​နေပြီး​တော့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ​ရောက်​အောင် တ​ယောက်နဲ့​ တ​ယောက် သံသယစိတ်​တွေ မရှိ​အောင်၊​ ယုံကြည်မှု​တွေ ရ​အောင်ဆိုပြီး​တော့​ ရည်ရွယ်ချက်နဲ့​ ဒီလုပ်ငန်း​ကို အ​ကောင်အထည် ​ဖော်ကြတာပါ။ သမ္မတဦး​သိန်း​စိန်ကလည်း​ ဘယ်လိုပဲဖြစ်ဖြစ် တူတဲ့​ဟာ​တွေကို ကျ​နော်တို့​ ပြည်သူ​တွေအတွက် ပူး​ပေါင်း​ပြီး​တော့​ လုပ်ကြမယ်လို့​ ​ပြောထား​တော့​ ဒီလိုမျိုး​ ​အောက်​ခြေမှာ လူမှု​ရေး​ကိစ္စကို ခွဲခြား​ဆက်ဆံပြီး​တော့​ လက်မခံဘူး​ ဆိုပြီး​တော့​ လုပ်လာတဲ့​အ​ပေါ်မှာ ကျ​နော်တို့​ ​တော်​တော် စိတ်မ​ကောင်း​ ဖြစ်မိပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​သွေး​ကူညီ​ပေး​ရေး​အဖွဲ့​ဟာ ရန်ကုန် အပါအဝင် တိုင်း​နဲ့​ပြည်နယ်​တွေမှာ အဖွဲ့​ဝင်​တွေရှိပြီး​ အရပ်ဘက်​ဆေး​ရုံ​တွေမှာ​ရော စစ်​ဆေး​ရုံ​တွေမှာ လှူဒါန်း​နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့​က ​သွေး​အကူ​ပေး​ရေး​အဖွဲ့​ကို ကူညီသူ ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို အစိုး​ရက ဧပြီလဆန်း​တုန်း​က ဖမ်း​ဆီး​ပြီး​ အီလက်ထ​ရောနစ် အက်ဥပ​ဒေနဲ့​ အင်း​စိန်​ထောင်တွင်မှာ ချုပ်​နှောင် တရား​စွဲဆိုထား​ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013