DVB Logo
Home
မြန်မာသတင်း
ကုန်းတွင်းဆိပ် တည်ဆောက်ရန် ကုမ္ပဏီ ၅ ခုကို ရွေးချယ်
DVB
·
July 18, 2015
ကုန်းတွင်းဆိပ် တည်ဆောက်ရန် ကုမ္ပဏီ ၅ ခုကို ရွေးချယ်
Donate to DVB

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး (ရွာသာကြီး) နဲ့ မန္တလေးတိုင်း ဒေသကြီး (မြစ်ငယ်) တို့မှာ ကုန်းတွင်းဆိပ်တွေ  တည်ဆောက်ဖို့  အလားအလာရှိတဲ့  ကုမ္ပဏီ ၅ ခုကို  စိစစ်ရွေးချယ်လိုက်တယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဇူလိုင် ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကုမ္ပဏီတွေကတော့   KERRY Logistics Network၊ Resources Group Logistics Co.,Ltd၊ KMA Shipping Co.,Ltd၊ Malikha Shipping Co.,Ltd ၊ UMG Logistics Co.,Ltd တို့ ဖြစ်ပါတယ်။

ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ ၅ ခုဟာ အဆိုပြုလွှာတွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရည်အချင်းပြည့်ပြီး အလားအလာ  အရှိဆုံး ကုမ္ပဏီ ၂ ခု ကို  နောက်ဆုံး ရွေးချယ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကုန်းတွင်းဆိပ်မရှိသေးပါဘူး။ ဒီစီမံကိန်း ၂ ခုဟာ  မြန်မာနိုင်ငံ အထက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသတို့ ကုန်စည်စီးဆင်းမှု အဆင်ပြေစေဖို့ အဓိက ရည်ရွယ်တာဖြစ်ပြီး ပင်လယ်ရေကြောင်းကို ကုန်စည်ချိတ်ဆက် ပို့ဆောင်မှုအတွက် အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

မိုင် ၄ဝဝ ကျော် ကွာဝေးတဲ့ ဒီကုန်းတွင်းဆိပ် ၂ ခုဆာက်လုပ်ပြီးသွားရင် ကုန်သေတ္တာ တင်ဆောင် ပြေးဆွဲတာကို နိုင်ငံတကာအဆင့် စံနှုန်းနဲ့ ကိုက်ညီတဲ့ သီးသန့် ကုန်သေတ္တာ တင်ရထားတွေနဲ့ ပြေးဆွဲပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013