DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ တွင် ဆည်ရေလျှံ၊ ကျေးရွာအချို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေရ
DVB
·
July 18, 2015
ကန့်ဘလူ တွင် ဆည်ရေလျှံ၊ ကျေးရွာအချို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း မိုးများပြီး ဆည်ရေလျှံကျတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေရပြီး ကားနဲ့ ရထားလမ်းတို့ ရေကျော်နေလို့ လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်နေပါတယ်။

ဇူလိုင် ၁၄ ရက်ကနေ ၁၇ ရက်ထိ မိုးဆက်တိုက်ရွာသွန်းပြပြီး မိုးကြီးတာကြောင့် ကန့်ဘလူမြို့နယ်ထဲရှိ မင်းမြင်ဆည်ရေကျော်ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတာလို့ ကန့်ဘလူမြို့ခံတယောက်က ပြောပါတယ်။

“မင်းမြင်ဆည်ရေလှောင်တမံက ဘောင်အပေါ်ကနေ ရေကျော်တာ၊ အခု လောလောဆယ်ကတော့ မင်းမြင်ဆည်ရဲ့ အောက်နား အနီးမှာရှိတဲ့ ဟင်းဖြူတောရွာ ရေနစ်မှာမို့ ပင်းတဲစံပြရွာကို ရွှေ့နေကြတယ်၊ တရွာလုံး ရွှေ့တယ်၊ အိမ်ခြေ ၂၀၀ လောက်ရှိတယ်။”

ကန့်ဘလူနဲ့ ချပ်သင်းကြား မိုင် ၂၀ လောက်ရှိတဲ့ ကားနဲ့ ရထားလမ်းတွေ ရေကျော်နေပြီး အသွားအလာ ပြတ်တောက်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြိုင်က လမ်းပန်းပြတ်တောက်နေတာ အတည်ပြုပြောပြီး လူနဲ့ တိရစ္ဆာန်သေဆုံးမှု မရှိဘူးလို့ ပြောပါတယ်။

“မိုးနည်းနည်းများလို့ လမ်းရေလျှံတာပဲ ရှိပါတယ်။ ကျန်တာတော့ မရှိပါဘူး။ ချပ်သင်းဘက်ကတော့ ဟုတ်တယ်။ ရထားတွေ ခဏရပ်ထားရတယ်။ ဘုတလင်ဘက်က မိုးများလို့ ရေကျော်တာပဲ ရှိပါတယ်။ တချို့နေရာတွေလည်း ရေပြန်ကျသွားပြီလို့ ပြောတယ်။”

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်မှာ မိုးများလို့ လယ်ဧက ၉၀၀၀ ကျော် ရေလွှမ်းခံထားရတယ်လို့ ပြန်ကြားရေးသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ရေတိုက်စားမှုကြောင့် ကောလင်း-ဥမှင်ကုန်း-ကျောက်ပြင်သာ လမ်းပေါ်ရှိ တံတား ၅ စင်းပျက်စီးခဲ့တယ်လို့လည်း သတင်းကဆိုပါတယ်။

ဓာတ်ပုံ - ကိုနိုင်ဖေ့စ်ဘွတ်ခ်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013