DVB Logo
Home
လူမှုရေး
လိုဏ်ခေါင်းတွင်း မြေပြိုမှုကြောင့် ၇ ဦး သေဆုံး
DVB
·
May 26, 2011
Donate to DVB

ကယား​ပြည်နယ် အမှတ် ၃ ​ရေအား​လျှပ်စစ်စီမံကိန်း​ လိုဏ်​ခေါင်း​တွင်း​ ပြီး​ခဲ့​တဲ့​အပတ်က ​မြေပြိုမှုဖြစ်ပွား​ခဲ့​ပြီး​ အလုပ်သမား​ ၈ ဦး​အနက် ၆ ဦး​ပွဲချင်း​ပြီး​ ​သေဆုံး​ခဲ့​ပါတယ်။

ဒဏ်ရာရသူ နှစ်ဦး​ကို လွိုင်​ကော်ပြည်သူ့​ဆေး​ရုံမှာ ကုသ​နေရာမှာ လူနာတဦး​ ထပ်မံ ​သေဆုံး​ခဲ့​ပါတယ်။

အခုလ ၁၇ ရက်​နေ့​က တရုတ်သူ​ဌေး​တဦး​ဟာ စကား​ပြန်နဲ့​အတူ မန္တ​လေး​ဘက်က အလုပ်သမား​တွေကို ​ခေါ်ပြီး​ အမှတ် (၃) ​ရေအား​လျှစ်စစ်စီမံကိန်း​ ​ရေထုတ်ပြွန်လိုဏ်​ခေါင်း​ ကွန်ကရစ်​လောင်း​ချိန်မှာ ​မြေပြိုပြီး​ ​မြေပိ​သေဆုံး​ခဲ့​တယ်လို့​ လွိုင်​ကော်မြို့​ခံတဦး​က ​ပြောပါတယ်။

“အား​လုံး​က သူ​ဌေး​ကို ​မြေပြို​တော့​မယ် တက်ရ​အောင်လို့​ပြောတယ်။ သူ​ဌေး​က မတက်ခိုင်း​ပဲနဲ့​ ဇွတ်လုပ်ခိုင်း​တယ်။ ဒီ​တော့​ လုပ်ရင်း​နဲ့​ ​မြေပြိုသွား​တာဖြစ်တယ်။ တရုတ်သူ​ဌေး​ တ​ယောက်လည်း​ ပါတယ်။ သူက မတက်ခိုင်း​လို့​ အလုပ်သမား​တွေ ခံရတယ်​ပေါ့​။ အဲဒီ အသုဘကို ရင်ခွဲရုံမှာ ခွဲတယ်။ ခွဲပြီး​တော့​ လွိုင်​ကော်​ဆေး​ရုံရဲ့​ ​မြေ​နေရာမှာ မြှုပ်ထား​တယ် အဲဒီလူ ၆ ​ယောက်ကို။”

အဲဒီစီမံကိန်း​ဟာ ၅ မိုင်ခန့်​အရှည်ရှိတဲ့​ လိုဏ်​ခေါင်း​ဖောက်ထား​ပြီး​ လိုဏ်ခါင်း​ထဲကို ဝင်​ရောက်အလုပ်လုပ်​နေချိန် ​မြေပြိုခဲ့​တာ ဖြစ်ပါတယ်။

အ​လောင်း​တွေကို အခုလ ၁၉ ရက်​နေ့​မှာ သဂြိုဟ်ခဲ့​ပြီး​တဲ့​အ​ကြောင်း​နဲ့​ မိသား​စု​တွေကို အ​ကြောင်း​ကြား​၊​ မကြား​ မသိဘူး​လို့​ အဲဒီ​ဒေသခံက ​ပြောပါတယ်။

မ​သေဘဲ ကျန်​နေသူတဦး​ရဲ့​ အ​ခြေအ​နေသိရဖို့​ လွိုင်​ကော် ပြည်သူ့​ဆေး​ရုံကို ​မေး​မြန်း​ရာမှာ တာဝန်ကျဆရာမတဦး​က “တခုခု စုံစမ်း​ချင်ရင်​တော့​ ​ဆေး​ရုံအုပ်ကြီး​ဆီမှာ စုံစမ်း​မှ ရတယ်ရှင့်​၊​ ကျမတို့​က ​ပြောခွင့်​ မရှိဘူး​” လို့​ ဆိုပါတယ်။

ဒီစီမံကိန်း​ကို ပြည်တွင်း​က Asia World နဲ့​ Olympic ကုမ္ပဏီတို့​က တရုတ်အကူအညီနဲ့​ တည်​ဆောက်တာဖြစ်ပြီး​ ၂၀၀၉ ဧပြီလမှာ တရုတ် အင်ဂျင်နီယာ​တွေက ပြင်ဆင် မွန်း​မံခဲ့​ပါတယ်။

လောပိတ ​ကျေး​ရွာအနီး​ အ​ကောင်အထည်​ဖော်​နေတဲ့​ ​လောပိတ အမှတ် ၃ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို စတင်အ​ကောင်အထည်​ဖော်တဲ့​ ၂၀၀၈ ခုနှစ်တုန်း​ကလည်း​ ​ဒေသခံ​တွေရဲ့​ လယ်​မြေ သိမ်း​ယူမှု​တွေ ရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013