DVB Logo
Home
မြန်မာသတင်း
အာဇာနည် ဗိမာန်ကို ဂါရ၀ပြုရန်လာသူများ ပန်းခွေ၊ ပန်းစည်းများယူခွင့်မပြု
DVB
·
July 17, 2015
အာဇာနည် ဗိမာန်ကို ဂါရ၀ပြုရန်လာသူများ ပန်းခွေ၊ ပန်းစည်းများယူခွင့်မပြု
Donate to DVB

ဇူလိုင် ၁၉ ရက် (၆၈) နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို လာရောက် ဂါရ၀ပြု ကြမယ့်သူတွေအနေနဲ့ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ကင်မရာ၊ ဖုန်းနဲ့ လက်ကိုင်အိတ်တွေ ယူဆောင်လာရင် ၀င်ခွင့်ပေးမှာမဟုတ်ဘူးလို့ အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနဲ့ စည်း ကမ်းထိန်းသိမ်းရေးကော်မတီက ကြိုတင်အသိပေးကြေညာပါတယ်။

အလားတူ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ပြတိုက်ကို လာရောက်ကြည့်ရှုလေ့လာမယ့် သူတွေအနေနဲ့လည်း အဆိုပါပစ္စည်းအမျိုးမျိုးကို ယူဆောင် မလာကြဖို့နဲ့ ယူလာရင် ၀င်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား ခြေတော်ရင်းရှိ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ဂူရှိရာ အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက် မနက် ၈ နာရီက စတင်ကျင်းပမှာဖြစ်ပြီး အများပြည်သူတွေကတော့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ လာရောက် ဂါရ၀ပြုခွင့်ရမှာပါ။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ အာဇာနည်ဗိမာန်နဲ့ ဗိုလ်ချုပ်ပြတိုက် အ၀င်အထွက် လမ်းကြောင်းနဲ့ ဂိတ်တွေကို လုံခြုံရေးအရ ရှာဖွေ စစ်ဆေးမှုတွေကို ပူးပေါင်းကူညီတဲ့အနေနဲ့ အစစ်ဆေးခံကြဖို့ တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီး ကျဆုံးသွားခဲ့တဲ့ (၆၈) နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကို အစိုးရက အာဇာနည်ဗိမာန်မှာ ကျင်းပမှာဖြစ်သလို အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ပါတီ ဌာနချုပ်ရုံးမှာ ကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013