DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ- မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းရန် သဘောတူ
DVB
·
July 17, 2015
အိန္ဒိယ- မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းရန် သဘောတူ
Donate to DVB

အိန္ဒိယနဲ့ မြန်မာအကြား အကြမ်းဖက်သောင်းကျန်းမှုတွေ တိုက်ဖျက်ရေးနဲ့  စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့ နယူးဒေလီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဆူရှာမာ ဆွာရဂ်ျတို့  ဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အိန္ဒိယက မြန်မာကြည်းတပ်နဲ့ ရေတပ်တွေ ခေတ်မီအောင် တည်ဆောက်ရေး အကူအညီပေးဖို့ သဘောတူတဲ့အပြင် ဒီမိုကရေစီရေး အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပြီး အိုင်တီနည်းပညာကဏ္ဍမှာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးနဲ့ သောင်းကျန်းသူတွေကို နှိမ်နင်းမှုတွေ ပြုလုပ်အပြီး ခုလို မြန်မာနိုင်ငံခြားရေးဝန်ကြီး သွားရောက်တာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဇူလိုင် ၁၆ ရက်က တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ အစည်းအဝေးကို ပုံမှန်ကျင်းပဖို့ အိန္ဒိယ-မြန်မာ နယ်ခြားဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို နယူးဒေလီမြို့မှာ အမြန်ဆုံး ကျင်းပဖို့ သဘောတူခဲ့ပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး တိုးမြှင့်ဖို့ အလားအလာတွေကိုလည်း ဆွေးနွေးကြပြီး  ဆိပ်ကမ်း၊ လျပ်စစ်၊ စိုက်ပျိုးရေး၊ သစ်တော၊ သတ္တုတွင်း၊ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ အဝေးပြေးလမ်းနဲ့ အိုင်စီတီကဏ္ဍတွေမှာ အိန္ဒိယကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ အားပေးတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံလုပ်ငန်းတွေ လွယ်ကူချောမွေ့စေရေး အိန္ဒိယ ဘဏ်ခွဲတခု မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် လိုင်စင်ချပေးဖို့ အိန္ဒိယရဲ့ အဆိုပြုချက်ကို မြန်မာဘက်က အလေးထား မှတ်သားတဲ့ အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က  ၀န်ကြီးချုပ် နာရန်ဒရာ မော်ဒီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013