DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပါတီ များလာမှု ချင်းပါတီ အတွက် စိန်ခေါ်ချက်ဖြစ်ဟုဆို
DVB
·
July 16, 2015
တိုင်းရင်းသားပါတီ များလာမှု ချင်းပါတီ အတွက် စိန်ခေါ်ချက်ဖြစ်ဟုဆို
Donate to DVB

ချင်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီတွေ များလာတာဟာ ချင်းပါတီအတွက် စိမ်ခေါ်ချက်တခုဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောပါတယ်။

ဒီတကြိမ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ၉ မြို့နယ်စလုံး ၀င်ပြိုင်ဖို့ရှိတဲ့အပြင် ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ရှိ မဲဆန္ဒနယ် ၆၀ မှာ ၀င်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပါတီရဲ့ အတွင်းရေးမှူးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“တပြည်နယ်လုံးအနေနဲ့ ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင်တော့ ချင်းပါတီတွေအတွက် စိန်ခေါ်ချက်တရပ်ပါပဲ။ ဥပမာ ဇိုမီးပါတီဆိုရင် သူက တွန်းဇံတမြို့နယ်လောက်ပေါ့။ နောက်ပြီးတော့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဘာတို့ဆိုရင်လည်း မတူပီနဲ့ တချို့နရာတွေပေါ့လေ၊ ဒါပေမယ့် ချင်းပါတီ အချင်းချင်းကတော့ ရွေးကောက်ပွဲကာလမှာ ဘယ်လိုပဲ ပွတ်တိုက်မှုတွေ ရှိနေပစေ လွှတ်တော်ထဲ ရောက်သွားရင်တော့ ညီနောင်အဆင့် ဖြစ်သွားပါပြီ။”

ပါတီအနေနဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်နယ်အတွင်း ၁၈ နေရာ ၀င်ပြိုင်ခဲ့ရာမှာ ၉ နေရာအနိုင်ရခဲ့တဲ့ ပါတီအနေနဲ့ ဒီတကြိမ် ရွေးကောက်ပွဲမှာ ဒေသခံလူထုရဲ့ ရွေးကောက်ပွဲအပေါ် ယဉ်ပါးလာမှုကြောင့် အခုလို မျှော်မျန်း ပြောဆိုရတာလို့ ပါတီအတွင်းရေးမှူး က ဆိုပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဟာ ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းမှာ ပါတီရုံးဖွင့်ထားတဲ့ ပါတီကြီးတခုဖြစ်ပြီး သူ့အဓိကပြိုင်ဘက်တွေက အာဏာရပြည်ခိုင်ဖြိုးပါတီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောပါတယ်။

ချင်းပြည်နယ်မှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ အရှိုချင်း အမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ စတဲ့ပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013