DVB Logo
Home
နိုင်ငံရေး
ကြံ့ခိုင်ရေးပါတီ၏ တိုင်ကြားမှု ရခိုင်တိုင်းရင်းသားများပါတီ ကော်မရှင်တွင်ထွက်ဆို
DVB
·
May 25, 2011
Donate to DVB

ပြီး​ခဲ့​တဲ့​ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲကာလအတွင်း​ တရား​မဲ့​ပြုကျင့်​မှု​တွေနဲ့​ ပတ်သက်ပြီး​ ​နေပြည်​တော်ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က ကြား​နာစစ်​ဆေး​နေတဲ့​နေရာမှာ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ ကိုယ်စား​လှယ် ၉ ဦး​ကို ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​တွေက တိုင်ကြား​ခဲ့​တာ​တွေကို ကြား​နာစစ်​ဆေး​နေပါတယ်။

ဒီအမှု​တွေနဲ့​ ပတ်သက်ပြီး​ တိုင်ကြား​ခံထား​ရတဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​ တက်​ရေး​ပါတီရဲ့​ ​မြေပုံမြို့​နယ် မဲဆန္ဒနယ်​မြေက ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖေသန်း​က အခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ ပါတီဝင် ၉ ဦး​ကို ​နေပြည်​တော်​ကော်မရှင်ရုံး​မှာ အခု တရား​ စစ်​ဆေး​နေပါတယ်။ အဲဒီပုဂ္ဂိုလ်​တွေနဲ့​ အဲဒီပုဂ္ဂိုလ်​တွေက ပြတဲ့​အချက်​တွေ တဖက် က စွဲချက်တင်ထား​တဲ့​ လူ​တွေရဲ့​ ကန့်​ကွက်လွှာ​တွေ၊​ အချက်အလက်​တွေ ကျ​နော် တို့​ တချို့​တဝက်သိ​နေပါပြီ။ တချို့​လည်း​မသိ​သေး​ဘူး​။ ​ကျောက်ဖြူက ဦး​တင်နဲ့​ ဦး​ ​ကျော်လွင်အမှုဆိုရင် လာမယ့်​လ ၁၆ ရက်​နေ့​မှာ ရုံး​ချိန်း​ သတ်မှတ်ထား​ပါတယ်။ အဲ​နေ့​မှာ ထုတ်ပြန်မှာပါ။ တခြား​အမှု​တွေကျ​တော့​ တပိုင်း​တစပဲ ရှိ​နေ​သေး​တယ်။”

ပြိုင်ဘက် ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ကိုယ်စား​လောင်း​တွေက ဒီမဲဆန္ဒနယ်​မြေ​တွေက မဲရုံမှူး​တွေကို ဒီပါတီရဲ့​ မဲအနိုင်ရလိုမှုမှာ ပူး​ပေါင်း​ပါဝင်မှု၊​ ဒီပါတီရဲ့​ ပါတီဝင်​တွေက ​ရွေး​ကောက်ပွဲကာလမှာ တရား​မဲပြုကျင့်​မှု ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ​တော်အစိုး​ရ အ ​ပေါ် ပုတ်ခက်ပြီး​မဲဆွယ်စည်း​ရုံး​မှု​တွေ ပြုလုပ်ခဲ့​တယ်ဆိုတဲ့​ စွပ်စွဲချက်​တွေနဲ့​ တိုင်ကြား​ ခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒီစွဲချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဖေသန်း​က ...

“ရွာ​တွေမှာ ကျ​နော်တို့​ပါတီက စည်း​ရုံး​တဲ့​အခါမှာ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ ​တော်အစိုး​ရကို ပုတ်ခတ် ​စော်ကား​တယ်။ ဘုန်း​ကြီး​ခေါင်း​ကို ရိုက်ခွဲတဲ့​ပါတီ၊​ ​ကျောင်း​ သား​တွေကို ရက်ရက်စက်စက် သတ်တဲ့​ပါတီ၊​ အဲလိုမျိုး​ စွပ်စွဲပြီး​ တိုင်တာလည်း​ ရှိပါတယ်။ အဲဒီကိစ္စနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​က ​ဖြေရှင်း​ပါတယ်။ ဘယ်လို လည်း​ဆို​တော့​ ကျ​နော်တို့​မဲဆွယ်တဲ့​အခါမှာ ​ကော်မရှင်က ခွင့်​ပြုချက်နဲ့​ ဘယ်​နေ့​ ဘယ်အချိန်မှာ ဘယ်​နေရာမှာ ဘယ်စကား​မျိုး​ ​ပြောရမယ်ဆိုတာ ကျ​နော်တို့​ စည်း​ ကမ်း​ချက်​တွေ သတ်မှတ်ထား​ပါတယ်။ စရဖတို့​ သတင်း​တပ်ဖွဲ့​တို့​၊​ ရဲတပ်ဖွဲ့​တို့​ အမြဲ တမ်း​ အနီး​ကပ်​စောင့်​ကြည့်​ပြီး​တော့​ ​နေတာပါ။ အမြဲတမ်း​ ရီပို့​ ပို့​လေ့​ပို့​ထ ရှိပါတယ်။ အဲလို အ​ခြေအ​နေကြား​မှာ ကျ​နော်တို့​ပါတီက သူတို့​ကိုပုတ်ခတ်တဲ့​၊​ တပ်မ ​တော်ကို ပုတ်ခတ်တဲ့​ စကား​မျိုး​ ​ပြောဖို့​ဆိုတာ မလွယ်ပါဘူး​။ တကယ်လို့​ ​ပြောခဲ့​ရင်လည်း​ အဲဒီ အချိန်ထဲက ကျ​နော်တို့​က တရား​စွဲခံရတာ၊​ တိုင်ကြား​ခံရတာ ရှိလာ မှာပါ။ ကျ​နော် တို့​ ဘာမှာလည်း​ ကျူး​လွန်တာ မရှိဘူး။ ကျ​နော်တို့​ ကိုယ်စား​လှယ် ၉ ​ယောက် စလုံး​ကို အဲလိုပဲ စွဲထား​တယ်။”

ရခိုင်တိုင်း​သား​များ​တိုး​တက်​ရေး​ပါတီဟာ ပြီး​ခဲ့​တဲ့​ရွေး​ကောက်ပွဲမှာ လွှတ် ​တော်ကိုယ်စား​လှယ် ၃၅ ဦး​ အနိုင်ရရှိခဲ့​ပြီး​ အဲ့​ဒီ ၉ ဦး​ကို ပြိုင်ဘက် ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်​လောင်း​တွေက တိုင်ကြား​ထား​ကြတာလည်း​ ဖြစ်ပါတယ်။

လက်ရှိ အ​ခြေအ​နေမှာ​တော့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော် မရှင်မှာ ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ တိုင်ကြား​ထား​တဲ့​ အမှု ၂၉ မှုရှိ​နေပြီး​ အဲ့​ဒီထဲ မှာ ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​တွေက အနိုင်ရ ကိုယ်စား​လှယ်​တွေကို တိုင်ကြား​ထား​တဲ့​အမှု အများ​ဆုံး​ပါဝင်​နေပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ဒီအမှု​တွေထဲက ၄ ခုကို ​ကော်မရှင် ဆုံး​ဖြတ် ထား​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ​ဒေသဆိုင်ရာ ရဲစခန်း​တွေမှာလည်း​ ​ရွေး​ကောက်ပွဲ ဆိုင်ရာ အဓမ္မပြုကျင်မှု​တွေကို ရာနဲ့​ချီပြီး​ ပါတီအသီး​သီး​က တိုင်ကြား​ထား​ကြ​ပေမယ့်​လည်း​ ဒီအမှု​တွေကို တစုံတရာ ​ဆောင်ရွက်​ပေး​တာမျိုး​တော့​ မရှိ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013