DVB Logo
Home
မြန်မာသတင်း
မြန်မာ့ အနည်းဆုံးလုပ်ခ သတ်မှတ်ချက် ကမ္ဘာကျော်ကုမ္ပဏီကြီးများ ထောက်ခံ
DVB
·
July 16, 2015
မြန်မာ့ အနည်းဆုံးလုပ်ခ သတ်မှတ်ချက် ကမ္ဘာကျော်ကုမ္ပဏီကြီးများ ထောက်ခံ
Donate to DVB

မြန်မာအစိုးရ အဆိုပြုထားတဲ့ အနည်းဆုံးလုပ်ခ တနေ့ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို အားပေးထောက်ခံတဲ့အကြောင်း ကမ္ဘာကျော်ကုမ္ပဏီကြီးတွေ ပါဝင်တဲ့ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ဇူလိုင် ၁၄ နဲ့ ၁၅ ရက်တွေမှာ ထုတ်ပြန်ကြေညာပါတယ်။

ဝါရှင်တန်အခြေစိုက် အလုပ်သမား တရားမျှတရေးအဖွဲ့ (အက်ဖ်အယ်လ်အေ) နဲ့ ယူကေ အခြေစိုက် ကျင့်ဝတ်လိုက်နာ ကုန်သွယ်စီးပွားအဖွဲ့ (အီးတီအိုင်) တွေက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း မြန်မာအစိုးရထံ စာရေးသား ပေးပို့ထားတယ်လို့  သီးခြားထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အီးတီအိုင်အဖွဲ့မှာ Tesco, H&M၊ Gap စတဲ့ ကမ္ဘာကျော် အ၀တ်အထည် ကုမ္ပဏီကြီးတွေ ပါဝင်ပြီး အက်ဖ်အယ်လ်အေအဖွဲ့မှာတော့ အားကစားပစ္စည်း ထုတ်လုပ်တဲ့ Adidas အပါအ၀င် ကုမ္ပဏီ ၁၇ ခုက ပါဝင်လက်မှတ်ထိုးထားတာပါ။

အီးတီအိုင်အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာရဲ့ အနည်းဆုံးလုပ်ခ သတ်မှတ်ချက် အသစ်ကို အထည်ချုပ်လုပ်ငန်းတွေပါ ချန်မထားဘဲ နိုင်ငံတ၀န်း သတ်မှတ်ပြဋ္ဌာန်းဖို့ အစိုးရထံ စာရေး တောင်းဆိုထားပါတယ်။

ဒါ့ပြင် မြန်မာအထည်ချုပ်လုပ်ငန်းတွေရဲ့ လစာဟာ တခြားလုပ်ငန်းတွေထက် နည်းနေမယ်ဆိုရင် ဒီကဏ္ဍမှာ ကျွမ်းကျင်လုပ်သား အင်အားကို ထိန်းထားနိုင်မှာ မဟုတ်သလို အထည်ချုပ် လုပ်သားတွေဟာ သူတို့ရဲ့ အခြေခံလိုအပ်ချက်နဲ့ ကိုက်ညီမယ့် လုပ်အားခကို မရဘဲ မတရားသဖြင့် ငြင်းပယ်ခံရတာမို့ လုပ်ငန်းတွေ ရပ်ဆိုင်းတာနဲ့ မငြိမ်မသက်တွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အီးတီအိုင် ဒါရိုက်တာ ပီတာ မက်အယ်လ်လီစတာကတော့ ပထမဆုံး အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်မှာ ကဏ္ဍတခုက အလုပ်သမားတွေကို ပိတ်ပင်မထားဘဲ ဆင်းရဲမွဲတေမှု မဖြစ်ရေး သေချာအောင် ဆောင်ရွက်ပေးဖို့နဲ့ အခြေအနေတွေ တိုးတက်ရေးအတွက် အခိုင်အမာ ရပ်တည် ကူညီပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့  ထုတ်ပြန်ချက်မှာပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနကို လိပ်မူပေးပို့ထားတဲ့ (အက်ဖ်အယ်လ်အေ) ရဲ့ စာမှာတော့   ကုန်ထုတ်နိုင်ငံတွေမှာ လုပ်သားအားလုံးအတွက် အနည်းဆုံးလုပ်ခ ညှိနှိုင်းမှုတွေကို အခိုင်အမာ ထောက်ခံတယ်၊ မြန်မာပြည်မှာ အထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းတွေ အောင်မြင်စည်ပင် တိုးတက်နေတာကို မြင်တွေ့လိုတယ်၊ အလုပ်သမားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေနဲ့ အလုပ်သမား နစ်နာကြေးတွေ တရားသဖြင့် မျှမျတပေးတဲ့ အခြေခံပေါ်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုးတက်မှုတွေ ဖန်တီးပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။

အစိုးရက ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက တရက်ကို အနည်းဆုံးလုပ်ခ ကျပ် ၃၆၀၀ ပေးဖို့  အဆိုပြုထားတာပါ။

အထည်ချုပ် လုပ်ငန်းရှင်တွေကတော့ တရက်ကို ကျပ် ၂၅၀၀ ပဲပေးနိုင်မယ့် အကြောင်းနဲ့ ကျပ် ၃၆၀၀ သတ်မှတ်ရင် စက်ရုံတွေ ပိတ်ပစ်မယ်လို့ ပြောထားသလို အလုပ်သမားတွေကလည်း တနေ့ ကျပ် ၄၀၀၀ နှုန်းပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013