DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင်း မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန် (ရုပ်သံ)
DVB
·
July 16, 2015
ကရင်ပြည်နယ်တွင်း မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန် (ရုပ်သံ)
Donate to DVB

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာသိမ်းဆည်းမှုတွေနဲ့ ဒေသခံတွေရဲ့ တုံ့ပြန်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာ တစောင်ကို  ကရင်လူ့အခွင့်အရေးအဖွဲ့က ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်ုပ်တို့ ရွာသားများပြောတဲ့ အသံတခုတည်းဖြင့် ဘာများ ဖြစ်လာနိုင်မည်နည်း” လို့ အမည်ပေးထားတဲ့ ကရင်ပြည်နယ်တွင်း မြေသိမ်းခံ ဒေသခံတွေရဲ့ အသံတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ်က “သူတို့ခံစားနေရတဲ့ ဒီမြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရကလည်း သိအောင်နဲ့ လက်တွေ့ ဖြစ်ပွားနေတဲ့ လယ်ယာပြဿ နာတွေကို ပြန်လည်ဖြေရှင်းအောင် အဓိက ကျနော်တို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအတွင်း ကောက်ယူရရှိထားတဲ့ ကွဲပြားတဲ့ မြေယာသိမ်းဆည်းမှု အစီရင်ခံစာမူကြမ်း  ၄၈၄ စောင်ထဲကနေ  ရွေးချယ်ထားတဲ့ မူကြမ်း ၁၂၆ စောင်ကို စုစည်းပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ကရင်ဒေသတွင်း နယ်မြေ ၇ ခုတွင်းမှာ   ဖြစ်ခဲ့တဲ့ မြေယာသိမ်းဆည်းမှုတွေမှာ နစ်နာမှုလျောကြေးပေးတဲ့ အစီအစဉ်၊ ဘယ်သူတွေက သိမ်းဆည်းခဲ့တယ်ဆိုတာနဲ့ သိမ်းဆည်းတဲ့အခါ အသိပေးတာ ရှိမရှိ၊ အဲဒီလယ်ယာမြေ သိမ်းဆည်းမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို တင်ပြထားပါတယ်။

အခု အစီရင်ခံစာမှာ ဒေသခံ လူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပူပန်သောကတွေအတွက်  အစိုးရနဲ့ ဒေသခံအဖွဲ့အစည်းတွေက မြေယာမူဝါဒတွေ ရေးဆွဲရာမှာ စနစ်တကျ ရေးဆွဲထားတဲ့ စီမံကိန်း ဆုံးဖြတ်ချက်တွေ ပါဝင်စေဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ၂၀၁၃ ခုနှစ်ကလည်း ရပ်တည်ရာပျောက်ဆုံးခြင်း ခေါင်းစဉ်နဲ့ မြေယာသိမ်းဆည်းတဲ့အကြောင်း အစီရင်ခံစာကို ထုတ်ဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013