DVB Logo
Home
နိုင်ငံရေး
အန်အယ်လ်ဒီတွင် ၉၀ ရွေးကောက်ပွဲအထိမ်းအမှတ် စာတမ်းသုံး စောင်ဖတ်မည်
DVB
·
May 25, 2011
Donate to DVB

ဒီလ ၂၇ ရက်​နေ့​ကျရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ကျင်း​ပမယ့်​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်ပွဲ အထိမ်း​အမှတ်အခမ်း​အနား​မှာ စာတမ်း​သုံး​စောင် ဖတ်ကြား​ဖို့​ စီစဉ်ထား​တယ်လို့​ အဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“၁၉၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲကို ဘာ​ကြောင့်​ဝင်ခဲ့​ရသလဲ” စာတမ်း​ကို အဖွဲ့​ချုပ် မွန်ပြည်နယ် စည်း​ရုံး​ရေး​ကော်မတီဝင်၊​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​အောင်ကြည်ညွန့်​၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို ဘာ​ကြောင့်​ မဝင်ခဲ့​တာလဲ” စာတမ်း​ကို ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိမ်း​နဲ့​ ၁၉၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲနဲ့​၂၀၁၀ ​ရွေး​ကောက်ပွဲ​တွေ​ပေါ်မှာ တိုင်း​ရင်း​သား​တွေရဲ့​ သ​ဘောထား​ စာတမ်း​ကို စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က အသီး​သီး​ ပြုစုဖတ်ကြား​ကြမှာ ဖြစ်တယ်။”

ဒီအခမ်း​အနား​မှာ မကြာ​သေး​ခင်က ပြန်လည်လွတ်​မြောက်လာကြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဂုဏ်ပြုတဲ့​ အစီအစဉ်တစ်ရပ်ကိုလည်း​ ထူး​ထူး​ခြား​ခြား​ထည့်​သွင်း​ထား​တယ်လို့​ သူက ​ပြောပါတယ်။

သမိုင်း​ဝင်ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ တပ်မ​တော်အစိုး​ရက ဦး​စီး​ကျင်း​ပတဲ့​ ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ အပြတ်အသတ် အနိုင်ရ​ပေမယ့်​ တပ်မ​တော်အစိုး​ရက အာဏာလွဲ​ပြောင်း​ပေး​ဖို့​ ပျက်ကွက်ခဲ့​ပါတယ်။

၂၀၁၀ ခုနှစ်မှာ တပ်မ​တော်အစိုး​ရက ထပ်မံကျင်း​ပတဲ့​ ​ရွေး​ကောက်ပွဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဝင်မပြိုင်ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013