DVB Logo
Home
နိုင်ငံရေး
လွှတ်တော်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲကို အဓိကဆွေးနွေးနေ
DVB
·
May 25, 2011
Donate to DVB

ဒီလ ၂၃ ရက်​နေ့​က ​နေပြည်​တော်မှာ စတင်ကျင်း​ပပြုလုပ်​နေတဲ့​ လွှတ်​တော်သုံး​ရပ်လုံး​ရဲ့​ ဥက္ကဋ္ဌ​တွေနဲ့​ လွှတ်​တော် အမြဲတမ်း​ကော်မတီဝင်​တွေ တက်​ရောက်​နေတဲ့​ လွှတ်​တော်လုပ်ငန်း​ဆိုင်ရာ ​ဆွေး​နွေး​ပွဲမှာ အစိုး​ရအဖွဲ့​ အဆင့်​ဆင့်​ရဲ့​ အုပ်ချုပ်​ရေး​ပိုင်း​ဆိုင်ရာ အသွင်သဏာန်​ပြောင်း​လဲမှု​တွေနဲ့​ ပတ်သက်ပြီး​ အဓိကထား​ ​ဆွေး​နွေး​နေကြတယ်လို့​ သိရပါတယ်။

ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်အပါအဝင် တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်လွှတ်​တော်​တွေက ဥက္ကဋ္ဌ​တွေအပါဝင် လွှတ်​တော်အလိုက်ဖွဲ့​စည်း​ထား​တဲ့​ ဥပ​ဒေကြမ်း​ကော်မတီ၊​ ပြည်သူ့​ငွေစာရင်း​ ​ကော်မတီ၊​ လွှတ်​တော်အခွင့်​အ​ရေး​ ​ကော်မတီနှင့်​ အစိုး​ရ၏အာမခံချက်များ​၊​ ကတိများ​နှင့်​တာဝန်ခံချက်များ​ စိစစ်​ရေး​ ​ကော်မတီဝင်​တွေက အုပ်ချုပ်​ရေး​၊​ တရား​စီရင်​ရေး​ဆိုင်ရာ အသွင်သဏာန် ​ပြောင်း​လဲမှု​ကြောင့်​ ဖြစ်​ပေါ်လာတဲ့​ ပြဿနာ​တွေကို အဓိက ​ဆွေး​နွေး​နေကြတာပါ။

ဒီလို​ဆွေ​နွေး​နေတာနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်ဖြစ်သလို ပြည်သူ့​ငွေစာရင်း​ ​ကော်မတီဝင် ​ဒေါ်တင်နွယ်ဦး​က သူ့​အ​တွေ့​အကြုံကို အခုလို​ပြောပြပါတယ်။

“ပြည်နယ်တိုင်း​ဥက္ကဋ္ဌ​တွေက ဒီမှာ သူတို့​ အာဏာသုံး​ခုစလုံး​ ရှိလျက်သား​နဲ့​ ​ပေး​ထား​သော်လည်း​ပဲ သူတို့​က တကယ့်​တကယ်ကျ​တော့​ ညွှန်ကြား​ချက်​တွေ လုပ်ထုံး​လုပ်နည်း​တွေ မပါရင် လုပ်လို့​ကိုင်လို့​ မရဘူး​။ institution law change ဆိုတာ သူတို့​က မ​ပြောတတ်ဘူး​။ တကယ့်​တကယ်က ဗျူရိုက​ရေစီ ယန္တရား​ကြီး​ ပြုတ်ကျသွား​ဖို့​လိုတာ။ အဲဒါ စနစ်​ဟောင်း​နဲ့​ ဗျူရိုက​ရေစီယန္တရား​ အံမဝင် ဖြစ်​နေတာပါ။ သူတို့​ ထထပြီး​ ​ဆွေး​နွေး​ကြတယ်။ ကျန်တဲ့​ ​ရေး​ရာ​ကော်မတီ ဥပ​ဒေကြမ်း​တို့​ ဘာတို့​က​နေ ပြန်​ဆွေး​နွေး​ပါတယ်။ မဆိုး​ပါဘူး​။”

အမျိုး​သား​လွှတ်​တော် အစိုး​ရရဲ့​ အာမခံချက်များ​၊​ ကတိများ​နှင့်​ တာဝန်ခံချက်များ​ စိစစ်​ရေး​ ​ကော်မတီဥက္ကဋ္ဌ၊​ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ ပါတီရဲ့​ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်ကလည်း​ အခု​ဆေး​နွေး​နေကြတဲ့​ အ​ကြောင်း​အရာ​တွေကို အခုလို ​ပြောပါတယ်။

“ကျ​နော်တို့​က လွှတ်​တော်ရဲ့​ လုပ်ပိုင်ခွင့်​တွေကို ​ဆွေး​နွေး​နေကြတာ။ လွှတ်​တော်ရဲ့​ကဏ္ဍကို ဘယ်လိုထား​မလဲ။ လွှတ်​တော်က အစိုး​ရကို ဘယ်လို ထိန်း​ညှိမလဲ။ အစိုး​ရအဖွဲ့​က အင်အား​ကြီး​ပြီး​ လွှတ်​တော်ဆိုတာကို အင်း​အား​မရှိ​အောင်ထား​နေရင် ဘယ်လိုလုပ်မလဲ။ အခွင့်​အ​ရေး​ကိုပဲ ကြည့်​ပေါ့​ဗျာ။ လွှတ်​တော်ကိုယ်စား​လှယ်တဦး​က ဒီအတိုင်း​ပဲ ​ယောင်ချာချာ​နေပြီး​တော့​မှ အစိုး​ရအဖွဲ့​မှာ ပါတဲ့​ ပုဂ္ဂိုလ်​တွေက အခွင့်​အ​ရေး​များ​နေတယ်၊​ လုပ်ပိုင်ခွင့်​များ​နေရင် ဘယ်လိုထိမိမလဲ။ ပြည်​ထောင်စုကြီး​ ဘယ်လို ​ကောင်း​မွန်တဲ့​အ​ခြေအ​နေ ​ရောက်မလဲဆိုတာကို ​ဆွေး​နွေး​နေကြတဲ့​အပိုင်း​ပါ။”

လော​လောဆယ်မှာ​တော့​ ဒီ​ဆွေး​နွေး​ပွဲမှာ ပြင်ပက အသိပညာရှင်၊​ အတတ်ပညာရှင်​တွေကိုပါ ဖိတ်​ခေါ်​ဆွေး​နွေး​နိုင်ဖို့​ အ​ကြောင်း​အရာ ​ခေါင်း​စဉ် ၉ ခု ​လောက် ​ဆွေး​နွေး​ အတည်ပြုချက် ရယူကြမှာ ဖြစ်တယ်လို့​လည်း​ အခြား​ အစည်း​အ​ဝေး​ တက်​ရောက်​နေတဲ့​ ပုဂ္ဂိုလ်အချို့​က ဆိုပါတယ်။

ထပ်မံ​ဆွေး​နွေး​မယ့်​ အစီအစဉ်​တွေကိုလည်း​ အမျိုး​သား​လွှတ်​တော်ရဲ့​ အစိုး​ရ၏အာမခံချက်များ​၊​ ကတိများ​နှင့်​တာဝန်ခံချက်များ​ စိစစ်​ရေး​ ​ကော်မတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က အခုလို​ပြောပါတယ်။

“ကျ​နော်တို့​ အာဂျင်ဒါမှာ ပါတဲ့​အချက်တချက်ခြင်း​ကို အလုပ်ရုံ ​ဆွေး​နွေး​ပွဲပုံစံမျိုး​နဲ့​ ကျွမ်း​ကျင်တဲ့​ပုဂ္ဂိုလ်​တွေ ထင်ရှား​တဲ့​ပုဂ္ဂိုလ်​တွေ ဥပမာ စစ်ပညာဌာနက ပုဂ္ဂိုလ်ပညာရှင်​တွေ လာ​ဆွေး​နွေး​မှာ ရှိပါတယ်။ ​နောက် ​ဒေါက်တာခင်​အောင်​အေး​လို ကျွမ်း​ကျင်တဲ့​ ပညာရှင်​တွေလည်း​ လာ​ဆွေး​နွေး​မှာပါ။ ကျ​နော်တို့​နဲ့​ ပတ်သက်လို့​ ပူး​ပေါင်း​ဆွေး​နွေး​ကြမယ့်​ သ​ဘောလည်း​ ကြား​နေရပါတယ်။ capacity building တည်​ဆောက်တဲ့​ သ​ဘောပါပဲ။ ကျ​နော်တို့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​ချင်း​ရဲ့​ ကျင့်​ကြံရမယ့်​၊​ သိရမယ့်​အချက်​တွေကို ဖြည့်​စည်း​တဲ့​သ​ဘောပါ။ ”

နှစ် ၂၀ ​ကျော်အတွင်း​ ပထမဆုံး​ လွှတ်​တော်အစည်း​အ​ဝေး​တွေကို မတ်လ ၂၃ ရက်​နေ့​မှာ ရပ်နား​ခဲ့​ပြီး​ နှစ်လအကြာ ​မေလ ၂၃ ရက်​နေ့​မှာ လွှတ်​တော် လုပ်ငန်း​ဆိုင်ရာ ​ဆွေး​နွေး​ပွဲကို ​ခေါ်ယူကျင်း​ပခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013