DVB Logo
Home
နိုင်ငံရေး
ပဲခူးတိုင်းက ကလေးတဦး စစ်သားအဖြစ် သွတ်သွင်းခံရ
DVB
·
May 25, 2011
Donate to DVB

ပဲခူး​တိုင်း​၊​ မိုး​ညိုမြို့​နယ် သာယာကုန်း​ကျေး​ရွာအုပ်စု သ​ပြေပင်​ကျေး​ရွာက (၁၅) နှစ်အရွယ် က​လေး​ငယ်တ​ယောက်ကို က​လေး​စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ ​ခေါ်ယူသွား​တယ်လို့​ က​လေး​ရဲ့​အဘိုး​က ​ပြောပါတယ်။

မိုး​ညိုမြို့​နယ်၊​ သာယာကုန်း​ကျေး​ရွာအုပ်စု၊​ သ​ပြေပင်​ကျေး​ရွာမှာ မိခင်မုဆိုး​မကို လုပ်ကိုင်​ကျွေး​မွေး​နေတဲ့​ ​မောင်ကုလား​ကြီး​ခေါ် ​မောင်စိုး​မင်း​ထက်ကို စစ်တပ်ထဲ သွင်း​ခဲ့​တာပါ။

တရွာတည်း​သား​ ​နေပြည်​တော် တပ်ထိန်း​တပ်ရင်း​ ခလရ ၃၉၀ က တပ်သား​ ​ကျော်နိုင်ဝင်း​က ရွာကိုလာရင်း​ ​ခေါ်​ဆောင်သွား​တာလို့​ က​လေး​ရဲ့​အဘိုး​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။

“အဲဒီတပ်သား​ကျော်နိုင်ဝင်း​လေး​က ၅ လပိုင်း​၊​ ၁၃ ရက်​နေ့​ ​ရောက်လာပြီး​တော့​ ၁၆ ရက်​နေ့​လည်း​ကျ​ရော သူပြန်​တော့​ ကျ​နော့်​မြေး​လေး​က သူများ​အိမ်မှာ ငှား​နေတာ။ ဖရုံညွန့်​ရေ​လောင်း​နေရင်း​ သူ့​ညီ​လေး​ခေါ်ခိုင်း​ပြီး​တော့​ သူတို့​တောထဲထွက်သွား​တယ်။”

မောင်ကုလား​ကြီး​ဟာ ၁၅ နှစ်သာသာအရွယ်ရှိ​သေး​တာ​ကြောင့်​ အသက် (၁၈) နှစ်ပြည့်​မှ စစ်တပ်ထဲကို ဝင်​ရောက်အမှုထမ်း​နိုင်တယ်ဆိုတဲ့​ ကန့်​သတ်ချက်ကို ချိုး​ဖောက်တာ ဖြစ်ပါတယ်။

မောင်ကုလား​ကြီး​ ​ခေါ် ​မောင်စိုး​မင်း​ထက်ဟာ အဖ ဦး​ကြည်ဝင်း​ (ကွယ်လွန်) နဲ့​ မိခင် ​ဒေါ်နွဲ့​တို့​ရဲ့​သား​ကြီး​ဖြစ်ပါတယ်။ သူဟာ မိခင်နဲ့​ ညီမနှစ်ဦး​၊​ ညီငယ်တဦး​ကို လယ်ထဲဆင်း​ပြီး​ တတ်အား​သ​ရွေ့​ လုပ်ကိုင်​ကျွေး​မွေး​နေတာလို့​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။

ဒီလ ၁၇ ရက်​နေ့​မှာ အဲဒီစစ်တပ်ကို တယ်လီဖုန်း​နဲ့​ ဆက်သွယ်​မေး​မြန်း​ခဲ့​တယ်လို့​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။

“တပ်​ရေး​ဗိုလ်ကြီး​က ၁၇ ရက်​နေ့​က ကျ​နော်တို့​ ဆက်သွယ်​တော့​ စိုး​မင်း​ထက်ဆိုတဲ့​ ​ကောင်​လေး​ပါလာတယ်တဲ့​။ သူ့​အ​မေအ​ဖေ​တွေ စိတ်မပူပါနဲ့​လို့​ ​ပြောခိုင်း​တယ်။ ၁၈ ရက်​နေ့​လည်း​ဆက်​ကော သူတို့​က ပါမလာဘူး​တဲ့​။ နာမည်ထည့်​ပြောပြီး​မှ ​နောက်​နေ့​လည်း​ကျ​ရော လိမ်တယ်။ ကျ​နော်တို့​က ည​နေတခါ မနက်တခါ ဆက်​တော့​ ကျ​နော်တို့​ကိုပါ သူကကြိမ်း​တယ်။ တပ်ကို အသ​ရေဖျက်မှုနဲ့​ အ​ရေး​ယူလို့​ရတယ်ဆိုပြီး​ ကျ​နော့်​ကို ပြန်ခြိမ်း​ခြောက်တယ်။”

မောင်ကုလား​ကြီး​ကို စစ်တပ်က​နေ တရား​ဝင်နုတ်ထွက်ခွင့်​ရ​ရေး​အတွက် ကူညီ​ပေး​ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် စမ်း​ချောင်း​မြို့​နယ် ဥက္ကဋ္ဌ ဦး​သက်​ဝေထံမှာ သွား​ရောက်အကူအညီ​တောင်း​လို့​ ဒီက​နေ့​ပဲ ရန်ကုန်အ​ခြေစိုက် အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​ကို တိုင်ကြား​ပေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

“က​လေး​စစ်သား​ စု​ဆောင်း​တဲ့​ကိစ္စ​တွေက​တော့​ ပိုများ​လာတယ်။ ဘာလို့​လဲဆို​တော့​ တပ်ရင်း​တပ်ဖွဲ့​တွေမှာ တပ်သား​သစ်​တွေ စု​ဆောင်း​ဖို့​ တပ်အင်အား​ဖြည့်​တင်း​ဖို့​ဆိုတဲ့​ ​ပေါ်လစီက မဖျက်​သေး​ဘူး​။ မဖျက်​သေး​တော့​ အဲဒီမှာ သူ့​အ​ပေါ်မှာ မူတည်ပြီး​တော့​ တပ်သား​သစ် အင်အား​ဖြည့်​တင်း​တဲ့​နေရာမှာ အသက် ၁၈ နှစ်​အောက်​တွေကို မရမက စု​ဆောင်း​ပြီး​တော့​ မှတ်ပုံတင်​တွေမှာ အတုလုပ်ပြီး​တော့​ အသက်ပြည့်​ပါတယ်ဆိုပြီး​ သွတ်သွင်း​နေတာ​တွေ ဆက်လက်ရှိ​နေတုန်း​ပါပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013