DVB Logo
Home
စီးပွားရေး
နိုင်ငံပိုင်ပစ္စည်းများကို လူအများရှေ့ လေလံတင်ရောင်းမည်
DVB
·
May 25, 2011
Donate to DVB

နိုင်ငံပိုင်ပစ္စည်း​တွေ ​လေလံတင်​ရောင်း​ချတဲ့​အခါ ထင်သာမြင်သာ ရှိတဲ့​ ​လေလံပွဲမျိုး​ပြုလုပ်ပြီး​ ​ရောင်ချသွား​မယ်လို့​ သက်ဆိုင်ရာ ပုဂ္ဂလိကပိုင် ပြုလုပ်​ရေး​ ​ကော်မရှင်က တာဝန်ရှိသူတဦး​ကို ကိုး​ကား​ပြီး​ ​မေလ ၂၄ ရက်​နေ့​ထုတ် ရန်ကုန်တိုင်မ်း​ဂျာနယ်က ​ရေး​သား​ဖော်ပြပါတယ်။

အရင်လို ချိတ်ပိတ်တင်ဒါစံနစ်မျိုး​မလုပ်​တော့​ဘဲ အများ​ရှေ့​မှာ ပုံး​ကိုချထား​ပြီး​ အဆိုပြုလွှာကို ဝယ်မယ်​ပြောထား​တဲ့​သူအား​လုံး​ ထည့်​ပြီး​ရင် အများ​ရှေ့​မှာ ပုံး​ကို​ဖောက်ပြီး​ အများ​ဆုံး​ပေး​နိုင်တဲ့​သူကို ​ရောင်း​ချသွား​မယ်လို့​လည်း​ သတင်း​က ​ဖော်ပြပါတယ်။

အရင် နအဖ လက်ထက်ကလုပ်ခဲ့​တဲ့​ ထင်သာမြင်သာမရှိတဲ့​ ​လေလံပွဲ​တွေကို ​ဝေဖန်မှု​တွေ အ​မြောက်အမြား​ ထွက်​ပေါ်ခဲ့​ပြီး​တဲ့​နောက် ဒါဟာ အစိုး​ရသစ်လက်ထက် ​ပြောင်း​လဲမှုတခု ဖြစ်တယ်လို့​ စီး​ပွား​ရေး​ဂျာနယ် အယ်ဒီတာတဦး​က သုံး​သပ်​ပြောကြား​လိုက်ပါတယ်။

လူအများ​ ထင်သာမြင်သာရှိတဲ့​ ​လေလံပွဲ​တွေလုပ်မယ်ဆိုရင် စာနယ်ဇင်း​တွေလည်း​ လွတ်လွတ်လပ်လပ် ဝင်​ရောက်​လေ့​လာနိုင်မယ်လို့​ ​မျှော်လင့်​တဲ့​အ​ကြောင်း​နဲ့​ ဒီလိုလုပ်လာမယ်ဆို အား​လုံး​အတွက်လည်း​ အကျိုး​ရှိပါတယ်လို့​ မြန်မာ့​ဓနမဂ္ဂဇင်း​အယ်ဒီတာ ဆရာသီဟ​စောက အခုလို​ပြောပါတယ်။

“အရင်ကလည်း​ ကျ​နော်တို့​ လုပ်​နေကျက​တော့​ တကယ်လို့​ သတင်း​ကြား​တာပေါ့​။ Public Auction လုပ်တယ်။ အများ​ရှေ့​မှာလုပ်တယ်ဆိုရင် သတင်း​သမား​က ဝင်လို့​ရတယ်။ အခုလုပ်တဲ့​ပုံစံမျိုး​ဆိုရင်​တော့​ အဲလိုသ​ဘောမျိုး​ထင်တယ်။ မီဒီယာသမား​လည်း​ ဝင်ကြည့်​ပေါ့​။ အဲလို​တော့​ ​ပေး​မယ်လို့​ ထင်တယ်။ ​ကောင်း​တဲ့​ကိစ္စပါပဲ။ များ​များ​လုပ်​လေ​ကောင်း​လေ။ ပြည်သူလည်း​အကျိုး​ရှိမယ်။ တိုင်း​ပြည်လည်း​ အကျိုး​ရှိမယ်။ အစိုး​ရလည်း ​အကျိုး​ရှိမယ်။”

အစိုး​ရသစ်မတက်ခင် ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလကုန်ပိုင်း​က နိုင်ငံပိုင်အ​ဆောက်အဦ ၇၆ ခု၊​ ​ဖေ​ဖော်ဝါရီလကုန်ပိုင်း​က နိုင်ငံ ပိုင်အ​ဆောက်အဦ၊​ ​မြေကွက်နဲ့​တိုက်ခန်း​ပေါင်း​ ၂၆၈ ခုတို့​ကို ​လေလံတင်​ရောင်း​ချခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013