DVB Logo
Home
နိုင်ငံရေး
ဒုက္ခသည်များ စခန်းတွင်း နေထိုင်ခြင်း ရှိမရှိ စစ်ဆေးပြီ
DVB
·
May 25, 2011
Donate to DVB

ထိုင်း​နိုင်ငံထဲက မြန်မာဒုက္ခသည်စခန်း​တွေမှာ ဒုက္ခသည်တချို့​ အမှန်တကယ်​နေထိုင်ခြင်း​ ရှိမရှိ ကို စစ်​ဆေး​နေပြီ ဖြစ်ပါတယ်။

တပ်ခရိုင်က ကရင်ဒုက္ခသည်စခန်း​တွေဖြစ်တဲ့​ မယ်လ၊​ အုန်း​ဖျန်နဲ့​နိုဖိုး​ ၃ ခုကို မ​နေ့​ကစပြီး​ ထိုင်း​နိုင်ငံ တပ်ခရိုင်အုပ်ချုပ်​ရေး​ဌာနက လူဦး​ရေစာရင်း​ ပြန်လည်စစ်​ဆေး​နေပြီး​ ​လော​လောဆယ် UNHCR က ထုတ်​ပေး​တဲ့​ ဒုက္ခသည် လက်မှတ်ရှိထား​ပြီး​သူ​တွေကို စတင်စစ်​ဆေး​နေတယ်လို့​ မယ်လဒုက္ခသည်စခန်း​ တွဲဖက်အတွင်း​ရေး​မှူး​ ​စောဖိုး​ဖား​ဆိက ​ပြောပါတယ်။

UNHCR နဲ့​ ထိုင်း​ပြည်ထဲ​ရေး​ဌာနက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတန်း​တွေ ထုတ်ထား​ပေး​တဲ့​ တရား​ဝင်ဒုက္ခသည် (၂) ​သောင်း​ကျော်ဟာ စစ်​ဆေး​နေတုန်း​ စခန်း​မှာ မရှိရင် စာရင်း​က​နေ ပယ်ဖျက်မှာ ဖြစ်ပါတယ်။

မယ်လဒုက္ခသည်စခန်း​မှာ လူဦး​ရေ (၄) ​သောင်း​ကျော် ရှိ တယ်လို့​ ဒုက္ခသည်​တွေကို ရိက္ခာ​ထောက်ပံ့​ပေး​နေတဲ့​ ထိုင်း​မြန်မာ နယ်စပ် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ကော်မီတီ TBBC ရဲ့​စာရင်း​မှာ ပါရှိပါတယ်။

ဒီစာရင်း​တွေအရ မယ်လ ဒုက္ခသည်စခန်း​တခုထဲမှာ UNHCR အသိအမှတ် မပြုရ​သေး​တဲ့​ ဒုက္ခသည် (၂) ​သောင်နီး​ပါး​ခန့်​ရှိ​နေပါတယ်။

ဒုက္ခသည်အ​ဟောင်း​ စစ်​ဆေး​ရေး​ကို ၃ လ အချိန်​ပေး​မှာဖြစ်ပြီး​ စာရင်း​မရှိ​သေး​သူ​တွေကို ​နောက်ပိုင်း​မှာ ဆက်လက်စစ်​ဆေး​သွား​မှာဖြစ်ပါတယ်။

ထိုင်း​နိုင်ငံ တပ်ခရိုင် အုန်း​ဖန်မြို့​နယ် ​တောင်ဘက်အစွန်း​က ဒုက္ခသည် ၁ ​သောင်း​ခွဲ​ကျော်ရှိတဲ့​ နိုဖိုး​ဒုက္ခသည်စခန်း​မှာလည်း​ စစ်​ဆေး​နေတယ်လို့​ စခန်း​ရပ်ကွက်လူကြီး​တဦး​ရဲ့​ ​ပြောပြချက်အရ သိရပါတယ်။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ မယ်​ဟောင်​ဆောင်ခရိုင်က လူဦး​ရေ ၂ ​သောင်း​ခန့်​ ရှိတဲ့​ ကရင်နီဒုက္ခသည်စခန်း​ ၂ ခုမှာ​တော့​ ခုလိုပြန်လည်စစ်​ဆေး​ရေး​တွေ လုပ်​နေတာ မရှိပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013