DVB Logo
Home
မြန်မာသတင်း
တိုက်ပိတ်ခံရသည့် ကျောင်းသား ၇ ဦးကို တိုက်ပြန်ဖွင့်
DVB
·
July 14, 2015
တိုက်ပိတ်ခံရသည့် ကျောင်းသား ၇ ဦးကို တိုက်ပြန်ဖွင့်
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့ဇွန်လ ၃၀ ရက်နေ့  ရုံးချိန်းတုန်းက  ဆေးလိပ်နှင့် ကွမ်းယာ ယူဆောင်ခဲ့သောကြောင့် ကျောင်းသား  ၇ ဦး တိုက်ပိတ်ခံရပြီး တိုက်ပိတ်ခံခဲ့ရပါတယ်။

သူတို့ဟာ ထောင်တွင်း ဆေးလိပ်နဲ့ကွမ်းယာ ယူဆောင်မှုနဲ့ တိုက်ပိတ်ခံခဲ့ရတာလို့ တိုက်ပိတ်ခံရသူ ကိုရန်ပိုင်စိုးက ပြောပါတယ်။

“ကျနော်တို့ ထောင်ထဲကို တရားမ၀င်ပစ္စည်းသွင်းတယ်ဆိုပြီးတော့ ကျနော်တို့ကို တိုက်ပိတ်တာ။ ကျနော်တို့ဆီကနေ ဆေးလိပ်တွေမိတာ။ ဆေးလိပ်မိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ပထမ ၂ ခေါက်ဆေးလိပ်သယ်တော့ ထောင်ပိုင်ကနေပြီး အရေးယူခြင်း တစုံတရာ မရှိပါဘူးဆိုပြီးတော့ ကျနော်တို့ကို ပြောတယ်။ အရင်က ကျနော်တို့ ၃၅ ယောက်ကို ထောင်ဝင်စာ ပိတ်လိုက်တယ်။ သူပါးစပ်ကနေ အရေးမယူဘူးပြောပြီး ကတိကို ချိုးဖောက်တဲ့အတွက် ကျနော်တို့ သပိတ်မှောက်တာတဲ့အတွက် ကျနော်တို့ကို တိုက်ပိတ်တာဖြစ်တယ်ခင်ဗျာ။ ”

တိုက်ပိတ်ခံခဲ့ရသူတွေကတော့ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုဟိန်းဇော်ဝင်း၊ ကိုကျော်စွာလွင်၊ ကိုအောင်မြင့်ဟန်၊ ကိုအောင်မြင် နဲ့ ကိုခန့်အောင်တို့ တိုက်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို တိုက်ပိတ်ချိန် ပြုမူခဲ့တာနဲ့တပ်သက်ပြီးတော့ ကိုရန်ပိုင်စိုးက “ဖြစ်စဉ်လေးကို ကျနော် ပြောပြချင်ပါတယ်။ ကျနော်တို့ကို ရောက်ရောက်ချင်းမှာ ၂ နာရီထိုးလောက်မှာ ကျနော်တို့ကို တိုက်ထဲ ထည့်လိုက်တယ်။ အဲဓီကြားထဲမှာ ကျနော်တို့ကို ရေမတိုက်ဘူး ထမင်းမကျွေးဘူး။ ည ၆ နာရီကျော်မှ ကျနော်တို့ကို ရေစတိုက်တယ်။ ထမင်းကျွေးတယ်။ တံမံတလင်းမှာ ဒီတိုင်းပဲ အဲဒီညက အိပ်ခိုင်းတယ်။ နောက်နေ့မှာ ခြင်ထောင်ပါဘူး ကွပ်ပျစ်နဲ့ထားတယ်။ နောက်တနေ့ ကျနော်တို့ရဲဘော်ကနေ ပို့လိုက်တဲ့ အစားအသောက်ကို ကျနော်တို့ကိုမကျွေးဘူး။ ထောင်ပုံစံနဲ့ ပဲကြွေးတယ်။ မနက်ပိုင်း မျက်နှာသစ်ချိန်ကို နောက် ၃ ရက်လောက်မှပေးတယ်။ ညနေ ရေချိုးချိန်ကို နာရီဝက်လောက်ပေးတယ်ခင်ဗျာ။” လို့ ပြောပါတယ်။

ဒီကျောင်းသား ၇ ယောက်ကို ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ တိုက်ပိတ်ပြစ် ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိုက်ပိတ်မှုမရှိတော့ဘူးလို့လည်း ပြောပါတယ်။

ကျောင်းသားတွေ ဆေးလိပ်ကွမ်းယာ ယူသွင်းမှုကြောင့် တိုက်ပိတ်ခံရတာနဲပတ်သက်ပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုင်စာ ၂ စောင် ရောက်တဲ့အတွက် ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့က သွားရောက်မေးမြန်းစုံစမ်းခဲ့ပါတယ်။

သွားရောက်စုံစမ်းရမှာ ပါဝင်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မင်း ဒေါက်တာ ဥာဏ်ဇော်က  “တိုက်ပိတ်တယ်ဆိုတာကလည်း ထောင်စည်းကမ်းအရ သီးခြားထား လိုက်တာပဲ ရှိပါတယ်။ တိုက်ပိတ်သလိုကြီးတော့ မဟုတ်ဘူး။”လို့ ပြောပါတယ်။

ဒါ့အပြင် ထောင်တွင်းဆေးလိပ်နဲ့ကွမ်းယာ ကန့်သတ်တာဟာ ၂၀၁၁ နောက်ပိုင်း သမ္မဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းမှ ကန့်သန့်တာဖြစ်တဲ့အတွက် ထောင်တွင်းမှာ စည်းကမ်းချက် သတ်မှတ်တာဖြစ်တယ်လို့လည်း ဒေါက်တာ ဥာဏ်ဇော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013