DVB Logo
Home
မြန်မာသတင်း
မြန်မာစတော့အိပ်ချိန်း ရွေးကောက်ပွဲကာလပြီးမှသာ စတင်နိုင်မည်
DVB
·
July 14, 2015
မြန်မာစတော့အိပ်ချိန်း ရွေးကောက်ပွဲကာလပြီးမှသာ စတင်နိုင်မည်
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း စတင်ဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံး မြန်မာစတော့အိပ်ချိန်းဟာ မကြာခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

“ရန်ကုန်စတော့အိပ်ချိန်းကို နိုဝင်ဘာ ရွေးကောက်ပွဲပြီးမှပဲ ဖွင့်နိုင်တော့မယ်။ ခုကာလက လူတိုင်း ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေကြပါတယ်။” လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။

မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဇူလိုင်လ ၁၁ ရက်က ပြောလိုက်ပါတယ်။

ဦးမောင်မောင်သိမ်းက “တကယ်တော့ စတော့အိပ်ချိန်းစတင်ဖို့ ကျနော်တို့အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ လာမယ့်ရွေးကောက်ပွဲက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ နိုင်ငံအတွက် အရေးပါတဲ့အတွက် ဒါကို ရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။” လို့ ပြောပါတယ်။

“စတော့ဈေးကွက် စတင်ချိန်မှာ ကုမ္ပဏီ ၅ ခုလောက် စတင်လုပ်ဆောင်သွားမှာပါ။”

ပြည်တွင်းက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (အေဂျီဒီ)၊ အက်ဖ်အမ်အိုင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (မက်ပ်ကို) တို့က လာမယ့် စတော့အိပ်ချိန်းဈေးကွက်မှာ ပါဝင်လာမယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားတာတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

စတော့အိပ်ချိန်းဈေးကွက်လုပ်ငန်း ၄ ခုအတွက် ကုမ္ပဏီ ၅၇ ခုက လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားခဲ့ကြတယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးကော်မရှင်က ပြောပါတယ်။

အာမခံလုပ်ငန်းအတွက် ကုမ္ပဏီအခု ၂၀၊ အရောင်းကိုယ်စားလှယ် လုပ်ငန်းအတွက် ကုမ္ပဏီ ၂ ခု၊ ကြားခံပွဲစား လုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ ခုနဲ့ အတိုင်ပင်ခံလုပ်ငန်းအတွက် ကုမ္ပဏီ အခု ၃၀ လျှောက်ထားခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်ကို လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံဗဟိုဘဏ်ဟာ ဂျပန်နိုင်ငံ ဒိုင်ဝါ-သုတေသနဌာနနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013