DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်လယ် ကျောက်စရစ်စက်လှေများကြောင့် ဒေသခံများ စိုးရိမ်
DVB
·
July 14, 2015
ဧရာဝတီမြစ်လယ် ကျောက်စရစ်စက်လှေများကြောင့် ဒေသခံများ စိုးရိမ်
1 / 4
Donate to DVB

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်လယ်မှာရှိတဲ့ တက်သစ်ကျွန်းအနားမှာ ဒေသခံတွေနဲ့ ကျောက်စရစ်စက်လှေတွေ မကြာခဏ ပြဿနာ တက်ပြီး ရာဇ၀တ်မှုတွေ ဖြစ်လာမှာကို ကျေးရွာနေ အသက်ရွယ်ကြီးသူတွေက စိုးရိမ်နေကြပါတယ်။

အဲဒီဒေသမှာ ကျောက်စရစ်စုပ် စက်လှေတွေ တရက်ထက်တရက် ပိုများလာတာကြောင့် ကမ်းပါးပြိုပြီး ကျွန်းကြီးပျောက်ကွယ်သွားမှာကို စိုးရိမ်လို့ ဇူလိုင် ၁၂ ရက်နေ့ကတကြိမ် တရွာလုံးကလူတွေ အဲဒီစက်လှေတွေကို ညာသံပေး ၀ိုင်းဝန်းဖမ်းဆီးပြီး ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်အပ်နှံခဲ့ပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေးမှူးရုံးက အရေးယူ တားမြစ်မပေးဘဲ ကျောက်စရစ်စုပ်သူတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် ဒေသခံတွေက မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။

ဒီနေ့မှာလည်း ကျောက်စရစ်စုပ်စက်လှေ အစီး ၃၀ ကျော်လောက် ထပ်ပြီး ကျောက်စုပ်နေတာကြောင့် ဒေသခံ ကျေးရွာသားတွေ စုပြီး ၀ိုင်းလိုက်ဖမ်းလို့ စက်လှေတွေ ထွက်ပြေးသွားခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ကိုမင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013