DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်ငွေဒဏ်များ တိုးမြှင့်ထားသည့် မော်တော်ယာဉ်ဥပဒေကြမ်း ထုတ်ပြန်
DVB
·
July 14, 2015
ထောင်ဒဏ်ငွေဒဏ်များ တိုးမြှင့်ထားသည့် မော်တော်ယာဉ်ဥပဒေကြမ်း ထုတ်ပြန်
Donate to DVB

လက်ရှိဥပဒေထက် ထောင်ဒဏ်ငွေဒဏ်တွေ တိုးမြှင့်ထားတဲ့ မော်တော်ယာဉ်ဥပဒေကြမ်းကို ဇူလိုင်လ ပထမပတ်က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ပထမပတ်က ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ်ဥပဒေကြမ်းမှာ အခန်း ၁၄ ခန်း ပုဒ်မ ၈၆ ခုပါဝင်ပါတယ်။

ဒီဥပဒေကြမ်းရဲ့ အခန်း ၁၀ ပြစ်ဒဏ်တွေမှာ ယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင် မောင်းနှင်တာ အပါအဝင် မော်တော်ယာဉ်နဲ့ ပတ်သတ်တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အနည်းဆုံးထောင်ဒဏ် ၃ လ၊ ကျပ် ၃ သောင်းကနေ အမြင့်ဆုံး ကျပ် ၁၀ သိန်းထိ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

မော်တော်ယာဉ် ဥပဒေကြမ်းပါ ပြစ်ဒဏ်တွေဟာ ယာဉ်စည်းကမ်းထိန်းသိမ်းမှု၊ ယာဉ်မောင်းတွေ စည်းကမ်းဖောက်ဖျက်မှုကို ကာကွယ်ဖို့ အထိုက်အလျောက် အထောက်အကူပြုနိုင်တယ်လို့ မထသဗဟို ဥက္ကဋ္ဌက သုံးသပ်ပါတယ်။

ဒါပေမယ့် ဥပဒေကြမ်းပါ ပြစ်ဒဏ်တွေဟာ ယာဉ်မောင်းတွေအတွက် ပြင်းထန်နေတယ်လို့ ယာဉ်မောင်းတဦးက ဆိုပါတယ်။

ဒီဥပဒေရဲ့ နည်းဥပဒေမှာတော့ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး အချက် အပါအဝင် စက်ဘီး၊ ဆိုင်ကယ် မောင်းနှင်သူတို့ လိုက်နာရမယ့် အချက်တွေကိုပါ ထပ်မံထည့်သွင်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013