DVB Logo
Home
မြန်မာသတင်း
ကျားခေါင်းပါတီ မဲဆန္ဒနယ် ၁၅၀ ကျော်မှာ ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
July 14, 2015
ကျားခေါင်းပါတီ မဲဆန္ဒနယ် ၁၅၀ ကျော်မှာ ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ် ၅၀ ရှိ မဲဆန္ဒနယ်ပေါင်း ၁၅၀ ကျော်မှာ ယှဉ်ပြိုင်ဖို့ ပဏာမအဆင့် လျာထားတယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက ပြောပါတယ်။

အကြမ်းဖျင်း လျာထားချက်သာဖြစ်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ပြိုင်ရေး၊ မပြိုင်ရေးကိုတော့ ယတိပြတ် မဆုံးဖြတ်ရသေးကြောင်းနဲ့ ပါတီဝင်တချို့က ရွေးကောက်ပွဲမ၀င်ဖို့ ပြောဆိုတာရှိလို့ အစည်းအဝေးထိုင်ပြီး အားလုံးဆန္ဒနဲ့အညီ လုပ်ဆောင်သွားမယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး  ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သတ်လို့ စိစစ်ဆဲဖြစ်သလို  ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး သည်ပင်လျှင် ရွေးကောက်ပွဲ ၀င်မယ်မ၀င်ဘူးဆိုတာ မဆုံးဖြတ်သေးဘူးလို့လည်း သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲဝင်မယ်လို့ စနေနေ့က ကြေညာထားပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ မဟာမိတ်ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ခေါင်းဆောင်တွေ ၀င်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ ၀င်ရောက် အရွေးခံသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ရှမ်းတိုင်းရင်သားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြီးရင် ဒုတိယ နေရာအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013