DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှ နုန်းဆယ်ယူမှု ထိုင်းလယ်သမားများ ဆန္ဒပြ
DVB
·
July 13, 2015
မြန်မာဘက်မှ နုန်းဆယ်ယူမှု ထိုင်းလယ်သမားများ ဆန္ဒပြ
1 / 5
Donate to DVB

ထိုင်း-မြန်မာ ၂ နိုင်ငံကြား ကာဆီးထားတဲ့ တာချီလိတ်ခရိုင်က မယ်ဆိုင်ချောင်းရေကို မြန်မာ အာဏာပိုင်တွေဘက်က ဆယ်ထုတ်ရှင်းလင်းတဲ့ အနေနဲ့ မြေသားတမံတွေ ဖယ်ရှားရာမှာ ထိုင်းလယ်သမားတွေက ဇူလိုင်လ ၁၃ ရက် မနက်က ဆန္ဒပြခဲ့ကြပါတယ်။

မယ်ဆိုင်မြို့နယ် ကော်ချန့်ကျေးရွာအုပ်စု ၀ိန်းဟွမ်နဲ့ ပါဆန်းဝမ် ရွာ ၂ ရွာက ထိုင်း လယ်သမားပေါင်း ၂၀၀ ကျော်ဟာ တာချီလိတ်မယ်ဆိုင် ၂ နိုင်ငံ ချစ်ကြည်ရေးတံတားကို မနက် ၉ နာရီကနေ ၁၀ နာရီ ခွဲထိ ပိတ်ဆို့ထားကြတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါ တယ်။

ချောင်းထဲက မြေတွေတူးထုတ်ခြင်းအားဖြင့် သူတို့လယ်ကွင်းထဲ စီးဝင်မယ့်ရေတွေ လမ်းကြောင်းပြောင်းသွားတာကြောင့် စိုက်ခင်းထဲရေမ၀င်တော့ဘဲ စိုက်ဧက ၃ သောင်းကျော်က စပါးသီးနှံပင်တွေ ပျက်စီးမှာဖြစ်လို့ ဆန္ဒပြတာဖြစ်ကြောင်း လယ်သမားခေါင်းဆောင် နိုင်းခတ်ချိုင်း ကယောက်ဒွန်းဒွတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မိသားစုပေါင်း တစ်သောင်းကျော် စားဝတ်နေရေး ထိခိုက်စေမယ်လို့ဆိုပါတယ်။

ဆန္ဒပြတဲ့အပေါ်မှာ ထိုင်းမြန်မာနယ်စပ် ၂ ဘက်အာဏာပိုင်တွေ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး မြန်မာဘက်က ချောင်းရေဆည်ယူ မှုလုပ်ငန်းတွေ ဆယ်ရက်တာ ရပ်နားပေးဖို့ သဘောတူခဲ့တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“တဘက်က ထိုင်းတီပီစီ နယ်ခြားကော်မတီဥက္ကဋ္ဌပေါ့။ ကျနော်တို့ဘက်ကလည်း မြို့နယ်အဆင့် နယ်ခြားကော်မတီတွေနဲ့ ဆွေးနွေးကြတယ်။ သူတို့က မေတ္တာရပ်ခံတယ်။ ဒီချောင်းရေဆယ်ဖို့ ကိစ္စ နယ်ခြားကော်မတီအစည်းအဝေးမှာ နှစ်ဘက်သဘောတူထားတာ မှန်ပေမယ့် သူတို့ ဘက်က အဆင်မသင့်သေးဘူးပေါ့လေ၊ အခုလတ်တလောမှာ ယာယီအားဖြင့် နုန်းဖယ် နေတာကို တချို့ဟာလေးတွေကို ချန်ထားပေးပါ။ အတွင်းပိုင်းမှာ တိမ်ကောနေတဲ့ ရေနုတ်မြောင်း တွေ ဆည်ရမယ်။ သူတို့ဘက်က နုန်းဆည်ပြီးရင်တော့ ပြန်လည်ဖယ်ရှား ပေးပါမယ်လို့ ပြောတယ်။ သူတို့က ၇ ရက်လောက် ဆိုင်းငံ့ပေးပါလို့ပြောတော့ ကျနော်တို့က ၁၀ ရက်လောက် ရပ်ထားပေးမယ်ပြောလို့ အဆင်ပြေ သွားကြပါတယ်။”

မယ်ဆိုင်ချောင်းမှာ နှစ်ကာလကြာရှည်စွာ တင်နေတဲ့ နုန်းမြေတွေ ဖယ်ရှားခြင်းအားဖြင့် တာချီလိတ်မှာ နှစ်စဉ်နှစ်တိုင်း ကြုံနေရတဲ့ ရေကြီးမှုပြဿ နာကို ဖယ်ရှားနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းလယ်သမားတွေ ၁ နာရီကျော်ကြာ နယ်စပ်ဂိတ်ပိတ်လိုက်ခြင်းအားဖြင့် ထိခိုက်နစ်နာမှုတွေ မရှိဘူးလို့လည်း ခရိုင်မှူးက ပြောသွားပါတယ်။
ဓာတ်ပုံ - manager.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013