DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ထိန်းသိမ်းထားသည့် ကေအန်ယူတပ်သား ၃ ဦးပြန်လွတ်
DVB
·
July 13, 2015
မြန်မာစစ်တပ်က ထိန်းသိမ်းထားသည့် ကေအန်ယူတပ်သား ၃ ဦးပြန်လွတ်
Donate to DVB

မြန်မာစစ်တပ်က ထိန်းသိမ်းထားတဲ့ ကေအန်ယူ တပ်မဟာ (၁) တပ်ရင်း (၃)က တပ်သား ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကေအန်ယူတပ်မဟာ ၁ ဆက်ဆံရေးရုံးက ဒုတာဝန်ခံ ဗိုလ်ကြီး လေ့တူက ပြောပါတယ်။

“သူတို့ ၃ ယောက်ထဲက တယောက်က အရက်မူးပြီး သူ့သေနတ်က မောင်းတင်ထားတာကို သွားထိမိတော့ ကျည်ထွက်သွားတယ်။ အဲမှာ ရွာသား ၂ ယောက်ကို ထိတဲ့အတွက် မြန်မာစစ်တပ်က သူတို့ကို ထိန်းသိမ်းလိုက်တာ။ တည ထိန်းသိမ်းထားတာ။ ဒီမနက် တပ်မဟာ ၁ တပ်ရင်းမှူးက သူ့ရုံးတာဝန်ခံလွတ်ပြီး သွားတွေ့ဆုံဆွေးနွေးတဲ့အတွက် အခု သူတို့ကိုနေရာကို ပြန်ရောက်လာကြပါပြီ။”

ဖြစ်စဉ်မှာ မနေ့ ဇူလိုင်လ ၁၂ ရက်နေ့က ကေအန်ယူတပ်မဟာ ၁ တပ်ရင်း ၃ က ရဲဘော်တွေဟာ ကာမဲကျေးရွာ အနီးက ရာဘာခြံမှာ မှာရှိနေတဲ့အချိန် ရွာသားတွေက သူတို့ ဆီအလည်လာပြီး စကားပြောစဉ် မူးနေတဲ့ တပ်သားရဲ့ကျည်ပေါက်ထွက်ပြီး သူတို့ဆီ လာလည်တဲ့ ရွာသား ၂ ဦး ထိခိုက်သွားပါတယ်။

ဒါကို အစိုးရတပ်က ဆေးကုသမှုပေးခဲ့ပြီး လက်ရှိမှာတော့ ရွာသား ၂ ဦးဟာ ကေအန်ယူတပ်ရင်း ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း ဗိုလ်ကြီးလေ့တူက ပြောပါတယ်။ သူတို့ ဒဏ်ရာ အနည်းအငယ်သာရရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့လည်း ပြောပါတယ်။

မြ၀တီ စစ်တပ်သတင်းမှာတော့ ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီအချိန်ခန့် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ကာမဲကျေးရွာသို့ ရောက်ရှိစဉ် ကေအင်န်ယူ တပ်မဟာ(၁) ရင်း(၃)မှ ၃ ဦးရောက်ရှိနေပြီး ကျည်ပေါက်ထွက်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာ အရက်မူးနေသော ကေအင်န်ယူ တပ်သားအဆင့်ရှိ သူ ၃ ဦးအား အမ်-၁၆ ၁ လက်၊ ကေကေ-၄၇ ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013