DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းစာရင်းတွင် မပါ
DVB
·
July 13, 2015
သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းစာရင်းတွင် မပါ
Donate to DVB

လက်ရှိ သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ မပါသေးသလို အစိုးရအဖွဲ့က ပေးပို့တဲ့ ကိုယ်စားလှယ် အယောက် ၉၀ စာရင်းမှာလည်း ပါမလာဘူးလို့ ပါတီဗဟိုကော်မတီဝင် သူရဦးအောင်ကိုက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

“သူ ပါတီပြန်မလာတော့ဘူးဆိုတာ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ ပြန်လာမယ် ဆိုရင်လည်း လာလို့ရပါတယ်။ ၂၀၁၅ အကုန် ၂၀၁၆ မှာ တတိယအကြိမ် ပါတီဗဟို ညီလာခံကျင်းပတဲ့အခါ ပါတီဝင်ထုရဲ့ ဆန္ဒ၊ သဘောထားနဲ့အညီ ပြန်လည်အရွေးကောက်ခံရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အနေနဲ့ ပြည်သူလူထုက ဆန္ဒရှိရင် ဒုတိယအကြိမ်သက်တမ်းကို ပြန်လည်အရွေးခံဖို့ ဂျပန်သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတရဲ့ ခရီးစဉ်တခုမှာလည်း ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ဖို့ ဒေသခံတချို့က ဆန္ဒပြ ခဲ့ကြပါသေးတယ်။

ဒါပေမယ့် လက်ရှိဥပဒေအရ နိုင်ငံတော်သမ္မတဖြစ်ဖို့အတွက် လွှတ်တော်တရပ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တင်တဲ့ ဒုတိယ သမ္မတ၊ ဒါမှမဟုတ် တပ်မတော်သား ကိုယ်စားလှယ်တွေ က တင်သွင်းတဲ့ ဒုတိယသမ္မတ ဖြစ်ဖို့ လိုအပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းစာရင်းတွင် မပါ