DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မယားပါသမီး သတ်မှုဖြင့် မြန်မာအလုပ်သမားတဦးကို သံသယဖြစ်
DVB
·
July 13, 2015
ထိုင်းတွင် မယားပါသမီး သတ်မှုဖြင့်  မြန်မာအလုပ်သမားတဦးကို သံသယဖြစ်
Donate to DVB

ထိုင်းနိုင်ငံမှာ ဒီကနေ့မနက်ဖြစ်ပွားတဲ့ လူသတ်မှုတခုမှာ မြန်မာအလုပ်သမားတဦးကို လူသတ်သံသယနဲ့ ရဲက ဖော်ထုတ်ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်တွင်းက ဘန်ဖရီမြို့က တိုက်ခန်းတခုမှာ ၁၆ နှစ်ရွယ် အမျိုးသမီးတဦးဟာ လည်ပင်းမှာ ဓားတန်းလန်းနဲ့ သွေးအိုင်တွင်း သေဆုံးနေတယ်လို့ မြို့နယ်ရဲ စခန်းတာဝန်ကျ ဒုရဲမှူး က သတင်းထောက်တွေကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နာရီနဲ့ ၆ နာရီကြား မှာ သေဆုံးခဲ့တာလို့ ဆရာဝန်ရဲ့ စစ်ဆေးသုံးသပ်ချက်ကို ကိုးကားပြီး သူက ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းအရပ်ဖက်လူ့အဖွဲ့အစည်းတခုက သတင်းထုတ်ပြန်ရာမှာ မြန်မာအလုပ်သမား ကိုထူး (၂၅) နှစ်က ဒေါ်သန်း (၄၀) နှစ်ဆိုသူ အမျိုးသမီးနဲ့ အိမ်ထောင်ကျနေစဉ်မှာ ဒေါ်သန်းရဲ့ ပထမအိမ်ထောင် (ထိုင်းအမျိုးသား) နဲ့ရခဲ့တဲ့ သမီးငယ် ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူ သူ့သမီးနန်းပင်ကျဝမ်းရှဲ့တန့်ဟာ လက်ရှိ ဘန်ကောက် ဘန်နားနယ်မြေ ကုန်သွယ်စီးပွားသိပ္ပံကျောင်းမှာ တက်ရောက်နေတယ်လို့သိရပါတယ်။

ဒေါ်သန်းအဆိုအရ သမီးငယ်နဲ့  ကိုထူးဟာ မတည့်ပဲအမြဲစကားများရန်ဖြစ်ကြောင်း၊ အခင်းမဖြစ်ခင် ကိုထူးဟာ အိမ်ကနေထွက်သွားသလို သူလည်း ညဆိုင်းအလုပ်ဆင်းကြောင်း၊ ဒီမနက် အလုပ်ကပြန်လာတဲ့အခါ အိမ်ရှေ့တံခါးသော့ခတ်ထားလို့ အိမ်နောက်က ၀င်ရောက်တဲ့အခါ သမီးအလောင်းကို တွေ့ရတယ်လို့ သူက ထွက်ဆိုပါတယ်။

အိမ်နီးချင်းတွေက မနေ့ညပိုင်း ရန်ဖြစ်သံကြားရသလို မနက် ၂ နာရီလောက်မှာ ကိုထူးအခန်းထဲက ထွက်လာကာ အခန်းတံခါးကို သော့ခတ်ထွက်ခွာသွားကြောင်း ထွက်ဆိုကြပါ တယ်။ စီစီကင်မရာထဲမှာလည်း ကိုထူးအိမ်ပြန်လာပုံ၊ အခန်းမှ ပြန်ထွက်သွားပုံတွေကို တွေ့ရှိရတဲ့အတွက် ရဲစခန်းမှ ကိုထူးကို လူသတ်တရားခံအဖြစ် သံသယထားရှိပြီး  အမြန်ဆုံးဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ ရဲအရာရှိက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ထိုင်းတွင် မယားပါသမီး သတ်မှုဖြင့် မြန်မာအလုပ်သမားတဦးကို သံသယဖြစ်