DVB Logo
Home
မြန်မာသတင်း
ထားဝယ် အထူးစီးပွားရေးဇုန်လုပ်ငန်းများ အီတာလျံထိုင်းကုမ္ပဏီ ဆက်လုပ်ကိုင်မည်
DVB
·
July 13, 2015
ထားဝယ် အထူးစီးပွားရေးဇုန်လုပ်ငန်းများ အီတာလျံထိုင်းကုမ္ပဏီ ဆက်လုပ်ကိုင်မည်
Donate to DVB

ထိုင်းနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီ တခုဖြစ်တဲ့ အီတာလျံထိုင်း ကုမ္ပဏီဟာ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီနဲ့ အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လာမယ့် ဇူလိုင်လ ၂၄ ရက်မှာ လက်မှတ်ရေးထိုးသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဆွန်ချက်သီနာပွန်က အဲဒီ သဘောတူညီမှုမှာ ကနဦးလုပ်ဆောင်မှု အနေနဲ့ စီမံကိန်းဧရိယာရဲ့ ၂၇ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိတဲ့ လုပ်ငန်းလည်ပတ်မှုတွေ ပါဝင်တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က မြန်မာဘက်က ထားဝယ် အထူးစီးပွားရေးဇုန် ကော်မတီဥက္ကဋ္ဌနဲ့တွေ့ပြီး အီတာလျံထိုင်း ကုမ္ပဏီနဲ့ မြန်မာအစိုးရကြား ဇူလိုင်လ ၂၄ ရက်မှာ သဘောတူညီမှု လက်မှတ်ထိုးဖို့ အတည်ပြုခဲ့ပါတယ်။ ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်မယ့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဟာလည်း အသင့်ဖြစ်နေကြပါပြီ။”

အနည်းဆုံး နှစ် ၇၀ သဘောတူညီမှုနဲ့ လုပ်ဆောင်မယ့် စီမံကိန်းအတွက် ဘတ်ငွေ ဘီလီယံ ၃၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ ၂၇ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိတဲ့ ဧရိယာပေါ်မှာ စက်မှုကုန်ထုတ်ရပ်ကွက်၊ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်တဲ့ကားလမ်း၊ အလုပ်သမားတွေ နေထိုင်ရန် မြို့နယ်၊ LNG ဓာတ်ငွေ့တင်ပို့ရေး၊ ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းနဲ့ ရေလှောင်ဆည်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေဟာ စတင်နေပြီဖြစ်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ အနေနဲ့ မကြာခင် စတင်နိုင်မှာဖြစ်တယ်လို့ ဆွန်ချက်သီနာပွန်က ပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရ အနေနဲ့ အရှည် ၁၃၇ ကီလိုမီတာရှိတဲ့ ထားဝယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်လမ်း ဆောက်လုပ်ရေးလုပ်ငန်းအတွက် အတိုးနှုန်း ၀ ဒသမ ၁၀ ရာခိုင်နှုန်းနဲ့ ချေးငွေပေးသွားမယ်လို့လည်း သတင်းက ဆိုပါတယ်။

ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာ-ဂျပန်-ထိုင်း ၃ နိုင်ငံတို့ တိုကျိုမြို့မှာ ဇူလိုင်လ ၄ ရက်က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးဖိုရမ်အပြီးမှာ လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

ဘန်ကောက်မြို့ အနောက်ဘက် ၃၀၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ဒီစီမံကိန်းဟာ မဲခေါင်ဒေသ ကုန်သွယ်မှုရဲ့ အဓိက အချက်အချာ နေရာတခု ဖြစ်လာမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013