DVB Logo
Home
ရွေးကောက်ပွဲ
မဲဆန္ဒနယ်ပြင်ပရောက်နေသူများ မဲပေးလိုပါက ကော်မရှင်ရုံး၌ လျှောက်ထားနိုင်
DVB
·
July 13, 2015
မဲဆန္ဒနယ်ပြင်ပရောက်နေသူများ  မဲပေးလိုပါက ကော်မရှင်ရုံး၌ လျှောက်ထားနိုင်
Donate to DVB

မိမိမဲဆန္ဒနယ်ပြင်ပမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူတွေအနေနဲ့ ဆန္ဒမဲ ပေးလိုပါက သက်ဆိုင်ရာကျေးရွာ ရပ်ကွက် ကော်မရှင်ခွဲတွေမှာ  အောက်တိုဘာ ၁၀ ရက် နောက်ဆုံး ထားပြီးပုံစံ (၃-က)နဲ့ လျောက်ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာ ထားပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက် နိုင်ငံတ၀န်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေကို မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ လက်ရှိရောက်နေတဲ့ နေရာမှာ မဲပေးနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အနည်းဆုံးရက်ပေါင်း ၁၈ဝ ထက်မနည်း မိမိမဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေဟာ မိမိတို့ရောက်ရှိရာနေရာမဲဆန္ဒနယ်မှာ မဲပေးနိုင်ခွင့်ရရှိစေရေးအတွက် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ ထောက်ခံချက်၊ အလုပ်သမားဖြစ်ပါက လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ် ထောက်ခံချက်၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံ ချက်ယူပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်ထောက်ခံချက်နဲ့  မဲစာရင်းမှာ မိမိအမည်ကို ထည့်သွင်းပေးပါရန်လျောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူကို သက်ဆိုင်ရာ  ကော်မရှင် အဖွဲ့ခွဲတွေက  သတ်မှတ်ချက်နဲ့ အညီ ဆောင်ရွက် မဲစာရင်းမှာ အမည်ထည့်သွင်းပေးမှာဖြစ်ပြီး အမည်စာရင်း ထည့်သွင်းခံရသူရဲ့ အမည်ကို မူလ အမြဲတမ်းနေရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းကနေ ပယ်ဖျက်ပေးနိုင်ရေး အတွက်ကိုတော့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ကို  တင်ပြဆောင်ရွက်သွားမယ်လို့ ကော်မရှင်ရဲ့ ဇူလိုင် ၁၀ ရက်နေ့စွဲနဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013