DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်အဖွဲ့များ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ပညာပေး
DVB
·
July 12, 2015
အရပ်ဘက်အဖွဲ့များ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ပညာပေး
1 / 8
Donate to DVB

ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတချို့ ကွင်းဆင်းလုပ်ဆောင်နေပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ် ဖြစ်ပေါ်ဖို့အတွက် ရည်ရွယ်ပြီး ဧရာဝတီလူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ဧရာဝတီလူငယ်ကွန်ရက်တို့က ဇလွန်မြို့နယ်အတွင်းရှိ သွားလာရခက်ခဲတဲ့ ကော့ကပ်ကလေးကျေးရွာအုပ်စု အိုင်ဆည်ကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်က ဒေသခံတွေကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းတခု သွားရောက်ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ် ၂ဝ လောက် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပါတယ်။

သွားလာရေး ခက်ခဲတဲ့ နေရာဒေသတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းတဲ့ နေရာဒေသတွေကို အခြေခံရွေးချယ်ပြီး တမြို့နယ် ကျေးရွာ ၃ ရွာမှ ၅ ရွာအထိ ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း လိုက်လံလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ရာမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတတွေ၊ ဆန္ဒမဲပေး ရွေးချယ်ရတဲ့ အဓိပ္ပာယ်၊ မဲပေးပုံ စနစ်တကျရှိစေရေး စတာတွေကို အသိပညာပေး ဆွေးနွေးပို့ချခဲ့ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီလူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (ASDO)၊ ဧရာဝတီလူငယ်ကွန်ရက် (AYN)၊ အစိမ်းရောင်တောင်သူသင်တန်းကျောင်း (GPI) နဲ့ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (I pece) တို့က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး ကျုံပျော်၊ လေးမျက်နှာ၊ သာပေါင်းတို့တွင် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး စီဂျေ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013