DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင် ဖောင်ဒေးရှင်း ၂၁ ကြိမ်မြောက် ထောက်ပံ့လှူဒါန်း
DVB
·
July 12, 2015
ဦးဝင်းတင် ဖောင်ဒေးရှင်း ၂၁ ကြိမ်မြောက် ထောက်ပံ့လှူဒါန်း
1 / 5
Donate to DVB

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၂၁ ကြိမ်မြောက် ထောက်ပံ့ငွေလှူဒါန်းပွဲမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၆ ဦး အပါအ၀င် စုစုပေါင်း ၂၂ ဦးကို ငွေကျပ် ၄၂ သိန်း ထောက်ပံ့လှူဒါန်း ခဲ့ပါတယ်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ထောက်ပံ့ငွေ လှူဒါန်းပွဲအခန်းအနားမှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်၊ တရုပ်သံရုံးရှေ့ ဆန္ဒပြမှုအပါအ၀င် ဆန္ဒပြမှုတွေအတွင်း ဖမ်းဆီးထောင်ချ ခံထားရတဲ့ ဦးဘမြင့်၊ ကိုနေမျိုးဇင်၊ ကိုပိုင်ထွဋ်ကျော်၊ ဒေါ်လေးလေး (ခ) ဒေါ်စန်းစန်းဝင်း၊ ဒေါ်စိန်ထွေး၊ ဦးသန်းဆွေတို့ ၆ ဦးကို ၁ ဦး ကျပ် ၂ သိန်း ထောက်ပံ့ခဲ့တယ်လို့ ဖောင်ဒေးရှင်းက ဦးကျော်အောင်က ပြောပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ ဖောင်ဒေးရှင်း စတည်ထောင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး ဒီနေ့ထိ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဟောင်း မိသားစု စုစုပေါင်း ၆၀၀ကျော်ကို ကျပ်သိန်း ၁၆၀၀ ကျော် ထောက်ပံ့လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ - နေမျိုးဇင် ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013