DVB Logo
Home
မြန်မာသတင်း
ပြည်သူအထင်အမြင်မလွဲစေရေး စစ်သား တဦးကို ထောင် ၇ နှစ်ချဟု အစိုးရထုတ်ပြန်
DVB
·
July 12, 2015
ပြည်သူအထင်အမြင်မလွဲစေရေး စစ်သား တဦးကို ထောင် ၇ နှစ်ချဟု အစိုးရထုတ်ပြန်
Donate to DVB

ဗန်းမော်မြို့နယ်အတွင်းရှိ အဘွားအိုတဦး နေတဲ့အိမ်အတွင်း ကျူးကျော်ဝင်ရောက်ပြီး သားမယားပြုကျင့်ဖို့ ကြံစည်ကြိုးပမ်းမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။

ပြည်သူက တပ်မတော်အပေါ်အထင်အမြင်လွဲပြီး အကြည်အညို ပျက်စေနိုင်တာကြောင့် စစ်သားတဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက် ညက ဗန်းမော်မြို့နယ် တပ်ရင်း တရင်းက စစ်သည်တဦးဟာ တပ်ရင်းဌာနချုပ်အနီးရှိ ကျေးရွာက အသက် ၇၃ နှစ် အဘွားအိုတဦးတည်း နေထိုင်တဲ့ နေအိမ်ကို သွားရောက်ခဲ့ပါတယ်။

ဒီလိုသွားရောက်ရာမှာ ရွာသားတွေ ဖမ်းဆီးပြီး နေအိမ်ကျူးကျော်ဝင်ရောက်မှု သားမယားပြုကျင့် ကြံစည်သတ်ဖြတ်ရန် ကြိုးစားမှုနဲ့ စွပ်စွဲခံထားရတယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်ကို စစ်ဆေးရာမှာ စစ်သည်ဟာ ရင်းနှီးတဲ့အတွက် နေအိမ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သလို သားမယားပြုကျင့်ခြင်းရှိမရှိ ကာယကံရှင်နဲ့ စစ်သည်ကို စစ်ဆေးရာမှာတော့ ဆေးမှတ်ချက်အပါအ၀င် သားမယားပြုကျင့်ခဲ့ခြင်းမရှိဘူးလို့ သတင်းမှာရေးပါတယ်။

ဒါပေမယ့် ပြည်သူက တပ်မတော်ပေါ် အထင်အမြင်လွဲမှားစေပြီး အကြည်ညို ပျက်စေနိုင်တဲ့အတွက် ဇွန် ၂၂ ရက်က စစ်သည်ကို ပြစ်မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် နယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။

နောင်မှာလည်း တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေပြီး ယုံကြည်မှု ပျက်ပြားကာ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေပါက တပ်မတော်က ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီစစ်သည်ကို အရေးယူဖို့ စစ်ဆေးနေစဉ်မှာ ဗန်းမော်မြို့ ကချင် နှစ်ချင်းခရစ်ယာန်အသင်း (ကေဘီစီ) က ဦးဆောင်ပြီး ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ထဲက ဥပဒေက အပြစ်မရှိတဲ့သူတွေကို ပြစ်ဒဏ်ချမှတ်မှာ မဟုတ်သလို သူတို့ ဥပဒေက ပိုပြီးတိကျ ခိုင်မာတဲ့ စစ်စည်းကမ်းတွေ ဖြစ်တဲ့အတွက်  အပြစ်မရှိတဲ့သူကိုတော့ ပြစ်ဒဏ်ချဖို့ မရှိနိုင်ပါဘူးလို့ ကေဘီစီက သိက္ခာတော်ရ ဆရာကြီး နန်းဇိန်းတူးဂျာက ပြောပါတယ်။

“ဒီမှုခင်းဆေးဆရာဝန်နဲ့ ကျနော်တို့ အပြင်မှာတွေ့ဆုံတဲ့ အခါကျတော့ သုတ်ပိုးက စစ်သားတွေမှာ ရှိတယ်။ အဘွားဆီမှာတော့ မတွေ့ရဘူး။ ဒါပေမယ့် ပြစ်ဒဏ်စီရင်တဲ့ အခါကျတော့ သုတ်ပိုးတွေ ဘာတွေ မတွေ့ဘူးလို့ သူတို့ ပြောတယ်။ အပြင်မှာ မှုခင်းဆရာဝန်က တွေ့တယ်လို့ ပြောတယ်။ အခုက အရပ်ဘက်မှာ တရားဝင် ဒါတွေကို စစ်ဆေးနေတဲ့ အခါကျတော့ အဖြေက မကြာခင်ထွက်လာတော့မှာပါ” လို့ သူက ပြောပါတယ်။

ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ စစ်သည်ကို အရပ်ဘက် တရားရုံးမှာလည်း တရားစွဲဆိုထားပြီး တရားရင်ဆိုင်နေရပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ တပ်မတော်အနေနဲ့ ပြည်သူတွေ အထင်အမြင် မလွဲအောင် လုပ်မယ်ဆိုရင် အပြည့်အ၀ လုပ်ဖို့လိုသလို ဒီကနေ့ တပ်မတော်နဲ့ ပတ်သက်ပြီး ပြည်သူတွေက နာကျင်မှုတွေ ခံစားနေရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013